၂၀၁၉ ဖော်မြူလာဝမ်းရာသီမှာ ပါဝင်လာမယ့် ဗီယက်နမ်

Yan Yan Yan Yan

ဗီယက်နမ် နဲ့ မီယာမီ ဂရင်းပရီတွေဟာ လာမယ့် ၂၀၁၉ ဖော်မြူလာဝမ်း ရာသီမှာ ပါဝင်သွားမယ်လို့ အတည်ပြုခဲ့ပြီး အာဂျင်တီးနားလည်း ပါဝင်လာဖွယ် ရှိနေပါတယ်။

ဒီလို ဗီယက်နမ်နိုင်ငံရဲ့ မြို့တော် ဟနွိုင်းနဲ့ မီယာမီတို့မှာ ကျင်းပသွားမယ်လို့ ပြောကြားခဲ့တာကတော့ Auto Motor und Sport ရဲ့ ပြောကြားချက်အရ ဖော်ပြခဲ့တာဖြစ်ပြီး အာဂျင်တီးနားနိုင်ငံ ဘရူနိုအေးရီးစ် မြို့လည်း ပါဝင်လာဖို့ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဗီယက်နမ်နဲ့ မီယာမီတို့ ပါဝင်လာဖို့ သေချာတဲ့ အခြေအနေမှာ ရှိနေခဲ့ပြီဖြစ်တာကြောင့် ၂၀၁၉ ခုနှစ်မှာတော့ ပြိုင်ပွဲအရေအတွက် ၂၁ ပွဲရှိလာမှာ ဖြစ်ပြီး အာဂျင်တီးနားပါဝင်လာဖို့အတွက် ရံပုံငွေ ကိစ္စတွေနဲ့ ကွင်းဝင်ကြေး ဆွေးနွေးမှုတွေမှာ အပြီးမသတ်နိုင်သေးတာ ဖြစ်ပါတယ်။

ယခင် ဥက္တဌဟောင်းဖြစ်တဲ့ အယ်လ်လက်စတုန်းကတော့ ဗီယက်နမ် ဂရင်းပရီဟာ အကျိုးအမြတ်များပြားတဲ့ ပြိုင်ပွဲတစ်ခုလို့ဆိုခဲ့ပြီး ပါဝင်လာဖို့ကိုလည်း ကြိုးစားခဲ့ဖူးပြီး “ဒီဂရင်းပရီကိုသာ စာချုပ်ချုပ်ဆိုနိုင်မယ်ဆိုရင် ဒေါ်လာ ၆၄ သန်းလောက် အကျိုးအမြတ် ရှိနိုင်တယ် ၊ လေဘာတီ ကော်ပိုရေးရှင်းအနေနဲ့ ဗီယက်နမ် ဂရင်းပရီဖြစ်ပေါ်လာအောင် သဘောတူညီမှု ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း ” လို့ Forbes ကိုပြောကြားခဲ့ဖူးပါတယ်။

Comments