ဂျော်ဂင်ဟိုရဲ့အပြောင်းအရွှေ့ဟာနာပိုလီအသင်းအပေါ်မူတည်ကြောင်းအေးဂျင့်ဖြစ်သူဂျာအိုဆန်းတို့စ်ပြောကြား

Jorginho
Thet Htet Lin Thet Htet Lin

နာပိုလီအသင်းရဲ့ ကွင်းလယ်ကစားသမား ဂျော်ဂင်ဟို ဟာ ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းကို ပြောင်းရွှေ့ဖွယ်ရှိကြောင်း သူ့ရဲ့အေးဂျင့်ဖြစ်သူ ဂျာအိုဆန်းတို့စ်က ပြောပါတယ။်

လက်ရှိချိန်မှာ ဂျော်ဂင်ဟိုကို ခေါ်ယူချင်တဲ့အသင်းတွေများစွာရှိနေပြီး မန်ချက်စတာစီးတီး အသင်းက ပေါင် (၅၆)သန်းနဲ့ခေါ်ယူဖို့ ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျာအိုဆန်းတို့စ် ကတော့ ဂျော်ဂင်ဟိုရဲ့အပြောင်းအရွှေ့ဟာ နာပိုလီအသင်းရဲ့ သဘောတူညီမှုအပေါ်လည်း မူတည်ကြောင်း ဆိုပါတယ်။ လက်ရှိချိန်မှာ ဂျော်ဂင်ဟိုဟာ နာပိုလီအသင်းနဲ့ စာချုပ်သက်တမ်း (၂)နှစ် ကျန်ရှိနေပါသေးတယ်။

“ ဂျော်ဂင်ဟိုက စာချုပ်သက်တမ်းကျန်နေပါသေးတယ်။ ဒါပေမယ့် နာပိုလီအသင်းက မန်ချက်စတာ စီးတီးအသင်းနဲ့သဘောတူညီမှုရရင်တော့ ပြောင်းရွှေ့ခွင့်ရမှာဖြစ်ပါတယ်။ ” လို့ ဂျာအိုဆန်းတို့စ် က Sky Sports ကိုပြောပါတယ်။

“ အင်္ဂလန်အသင်းတစ်သင်းနဲ့ သဘောတူညီမှုယူရတာက ပြဿနာမဟုတ်ပါဘူး။ အသင်းကိုပဲ စဉ်းစားရမှာပါ။ ဒါပေမယ့်လည်း ထပ်ပြောရရင်တော့ ဒါက နာပိုလီအသင်းအပေါ်မှာပဲ မူတည်ပါ တယ်။ ဘာလို့လဲဆိုတော့ ကစားသမားက (၂)နှစ် စာချုပ်ကျန်နေသေးလို့ပါ။ ”

“ မန်ချက်စတာစီးတီးအသင်းက ချန်ပီယံဖြစ်သလို ဥရောပထိပ်တန်းကလပ်တွေထဲက တစ်ခုပါ။ တကယ်လို့ နာပိုလီအသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ကြား အဖြေတစ်ခုရရင် ဆွေးနွေးလို့ရပါ ပြီ ။ ဒါမှမဟုတ်ရင်လည်း သူ နာပိုလီမှာ ဆက်ရှိနေပါလိမ့်မယ်။ ခုထိတော့ နာပိုလီ အသင်းတာဝန်ရှိ သူတွေဆီက ဘာမှ ပြောသံမကြားရသေးဘူး။ ဒီရက်ပိုင်းအတွင်း အသင်းဒါရိုက်တာဆီက တစ်ခုခုပြောတာ ကြားချင်ပါတယ်။ ” လို့ ဂျာအိုဆန်းတို့စ်က ဆက်လက်ပြောကြားခဲ့ပါတယ်။

ဂျော်ဂင်ဟိုဟာ ယခုရာသီအတွင်း စုစုပေါင်း (၃၈)ပွဲ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး သွင်းဂိုး (၄)ဂိုး နဲ့ ဂိုးဖန်တီးမှု (၄)ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Comments