ဘာစီလိုနာအသင်းနဲ့သဘောတူညီမှုရခဲ့တဲ့လန်းဂ်လတ်၊ဘိုနူချီကိုခေါ်ယူမယ့်ဘိုင်ယန်မြူးနစ်နဲ့မန်ချက်စတာယူနိုက်တက်

Thet Htet Lin Thet Htet Lin

နွေရာသီအပြောင်းအရွှေ့ဈေးကွက်မတိုင်ခင် ရေပန်းစားနေတဲ့ ကောလဟာလအပြောင်းအရွှေ့ သတင်းတွေကို Fox Sports Asia မှ စုစည်းဖော်ပြပေးလိုက်ရပါတယ်။

ဘာစီလိုနာအသင်းနဲ့သဘောတူညီမှုရခဲ့တဲ့လန်းဂ်လတ်

Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဆီးဗီးလားအသင်းရဲ့ ဆဲလ်မန့်လန်းဂ်လတ် ဟာ လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းကိုပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရခဲ့တယ်လို့ သိရပါ တယ်။

လန်းဂ်လတ်ဟာ ဆီးဗီးလားအသင်းမှာ ၂၀၂၁ ခုနှစ်အထိ ဆက်ရှိနေရမှာဖြစ်ပေမယ့် ဘာစီလိုနာ အသင်းနဲ့ (၅)နှစ်စာချုပ် လက်မှတ်ရေးထိုးဖွယ်ရှိနေပါတယ်။

လန်းဂ်လတ် ဟာ ပေါင် (၅)သန်းနဲ့ ဆီးဗီးလားအသင်းကို ရောက်ရှိခဲ့တာဖြစ်ပြီး လက်ရှိချိန်မှာတော့ ဘာစီလိုနာအသင်းက ပြောင်းရွှေ့ကြေးကို မသတ်မှတ်ရသေးပါဘူး။

ဘိုနူချီကိုခေါ်ယူမယ့် ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာယူနိုက်တက်

Sun ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ဟာ အေစီမီလန်အသင်း အသင်းရဲ့ ကစားသမား ဘိုနူချီကိုခေါ်ယူဖို့ ကြိုးပမ်းနေကြပါတယ်။

အေစီမီလန်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်လွဲ ချော်ခဲ့ခြင်းနဲ့အတူ Financial Fair Play စည်းမျဉ်း များအရ ဘိုနူချီကို မဖြစ်မနေရောင်းထုတ်ရမယ့် အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့နွေရာသီက ပြောင်းရွှေ့ကြေး ပေါင် (၄၂)သန်းနဲ့ အေစီမီလန်ကိုရောက်ရှိခဲ့တဲ့ ဘိုနူချီရဲ့ စာချုပ် သက်တမ်းဟာ ၂၀၂၂ ခုနှစ်အထိ ကျန်ရှိနေပါတယ်။

မိုရာတာ ဒေါ့မွန်ကိုပြောင်းရွှေ့မှာလား?

Bild ရဲ့ ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ ချယ်ဆီးအသင်းရဲ့ ကစားသမား အယ်လ်ဗာရို မိုရာတာ ကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

ဒေါ့မွန်အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တုန်းက ချယ်ဆီးအသင်းရဲ့ ကစားသမား ဘတ်ရှော်ရီကို အငှားနဲ့ခေါ်ယူခဲ့ပြီး နောက်ထပ် တိုက်စစ်မှူးတစ်ဦးကိုခေါ်ယူလိုတာလည်းဖြစ်ပါတယ်။

မိုရာတာဟာ ချယ်ဆီးအသင်းအတွက် သူ့ရဲ့ ပထမဆုံးရာသီမှာ ခြေစွမ်းမပြနိုင်ခဲ့ဘဲ သွင်းဂိုး (၁၅)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

⚽️

A post shared by Álvaro Morata (@alvaromorata) on

ပါပါစတတ်သိုပူးလော့စ်ကိုခေါ်ယူမယ့်အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဖရိုင်းဘတ် အသင်းရဲ့ ကစားသမား ဆိုယွန်ကူ ကို လက်လွှတ်ခဲ့ရပြီးနောက် ဒေါ့မွန်အသင်းရဲ့ကစားသမား ပါပါစတတ်သိုပူးလော့စ် ကို ခေါ်ယူလိုတယ် လို့ Daily Mail ရဲ့ ဖော်ပြချက်အရသိရပါတယ်။

အာဆင်နယ်အသင်းဟာ ဆိုယွန်ကူရဲ့ပြောင်းရွှေ့ကြေး ပေါင် (၃၅)သန်းကြောင့် လက်လွှတ်ခဲ့ရတာ ဖြစ်ပြီး ပါပါစတတ်သိုပူးလော့စ်ကို ကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ပါပါစတတ်သိုပူးလော့စ်ရဲ့ စာချုပ်ဟာ ၂၀၁၉ ခုနှစ်အထိကျန်ရှိနေပြီး ပြောင်းရွှေ့ကြေးဟာ ပေါင် (၁၇.၅)သန်းရှိတယ်လို့ ခန့်မှန်းထားပါတယ်။

အန်ဒေရေးဆေးလ်ဗားကိုခေါ်ယူဖို့ကြိုးစားနေတဲ့ဝုဗ်နဲ့မိုနာကို

ဝုဗ်အသင်းနဲ့ မိုနာကိုအသင်းတွေဟာ အေစီမီလန်အသင်းရဲ့ ကစားသမား အန်ဒရေးဆေးလ်ဗား ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း Sky Sports Italy မှ ဖော်ပြပါတယ်။

အသက် (၂၂)နှစ်အရွယ်ဆေးလ်ဗားလ်ဟာ ပြောင်းရွှေ့ကြေးပေါင် (၃၃)သန်းနဲ့ရောက်ရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ ပထမဆုံးရာသီမှာ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။

ပေါ်တူဂီလက်ရွေးစင်တစ်ဦးလည်းဖြစ်တဲ့ အန်ဒရေးဆေးလ်ဗားဟာ ယခုရာသီတွင်း သွင်းဂိုး (၁၀)ဂိုး သာသွင်းယူနိုင်ခဲ့ပါတယ်။

Comments