အာဆင်နယ်အသင်းမှာ နည်းပြအဖြစ် ပြန်လည်မြင်တွေ့ရဖို့ ရှိနေတဲ့ အာတီတာ

Yan Yan Yan Yan

အာစင်ဝင်းဂါး အသင်းနေ ထွက်ခွာသွားခဲ့ပြီးတဲ့နော်က လစ်လပ်နေတဲ့ အသင်းနည်းပြရာထူးအတွက် ကစားသမားဟောင်း အာတီတာနဲ့ အာဆင်နယ်အသင်းတို့ ပြောဆိုဆွေးနွေမှုတွေပြုလုပ်နေခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

လက်ရှိအာဆင်နယ်အသင်း နည်းပြရာထူးအတွက် ရေပန်းအစားဆုံး စာရင်းမှာ အာတီတာက ထိပ်ဆုံးနေရာမှာ ရှိနေခဲ့ပြီး တကယ်လို့သာ အသင်းကိုရောက်ရှိခဲ့မယ်ဆိုရင် ပထမဆုံးရာသီမှာပဲ ပေါင်သန်း (၅) လောက်စတင်အသုံးပြုသွားဖွယ်ရှိတယ်လို့ Sky News က ထုတ်ပြန်ခဲ့ပါတယ်။

အသင်းတာဝန်ရှိသူတွေနဲ့ အာတီတာ ကြာသပတေးနေ့မှာ တရားဝင်ဆွေးနွေးမှု ပြုလုပ်သွာဖွယ်ရှိနေပြီး ဒီဆွေးနွေးမှုမှာ အသင်းရဲ့ ၀ါရင့်စီနီယာ ကစားသမားတွေလည်း ပါဝင်လာဖွယ်ရှိနေပါတယ်။အာဆင်နယ်အသင်းမှာ (၅) ရာသီကြာကစားခဲ့တဲ့ အာတီတာဟာ (၂၀၁၆) ခုနှစ်မှာ အနားယူခဲ့ပြီး အနားမယူခင်မှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း (၁၁၀) ပွဲထွက်ကစားခဲ့သူတစ်ဦးပါ။

နည်းပြလောကထဲကို စတင်ဝင်ရောက်ခဲ့ချိန်တည်းက အာတီတာဟာ မန်စီးတီးအသင်း နည်းပြ ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပြီး အာတီတာအတွက် တခြားကမ်းလှမ်းမှုတွေ ရောက်ရှိလာမယ်ဆိုရင် အသင်းမှာ ဆက်ရှိနေဖို့ ထိန်းသိမ်းနိုင်မှာမဟုတ်ဘူးလို့ ဂွါဒီယိုလာ ဒီတစ်ပတ်အစောပိုင်းက မှတ်ချက်ပေးပြောကြားခဲ့ဖူးပါတယ်။

အာဆင်နယ်အသင်းကတော့ အသင်းရဲ့ နည်းပြသစ်ကို လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်မှာ ခန့်အပ်သွားနိုင်ဖို့ မျှော်လင့်နေပါတယ်။

Comments