LMAကပေးအပ်တဲ့တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုရရှိခဲ့တဲ့ဂွါဒီယိုလာ

Thet Htet Lin Thet Htet Lin

မန်ချက်စတာစီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ League Managers Assiciation(LMA)မှ ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုရရှိခဲ့ပါတယ်။

နည်းပြ ဂွါဒီယိုလာဟာ ယခုနှစ် မန်ချက်စတာစီးတီးအသင်းကို ပရီးမီးယားလိဂ်ဆုဖလား ရယူပေးနိုင် ခဲ့ရာမှာ သွင်းဂိုး (၁၀၆) ဂိုးနဲ့အတူ စံချိန်တင် ရမှတ် (၁၀၀) ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာအနေနဲ့ တစ်ရာသီလုံးမှာ အများဆုံးရနိုင်တဲ့ ရမှတ်ထက် (၁၄)မှတ်သာ လျော့နည်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မန်ချက်စတာစီးတီးအသင်းဟာ လိဂ်ဖလားပြိုင်ပွဲမှာလည်း အာဆင်နယ်အသင်းကို (၃)ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။

ဂွါဒီယိုလာအနေနဲ့ ဒီဆုကိုရရှိဖို့ တခြား နည်းပြ (၅)ယောက်ကို ကျော်ဖြတ်ခဲ့ရတာဖြစ်ပါတယ်။

အဆိုပါဆုရရှိဖို့ ဆန်ကာတင်စာရင်းထဲမှာပါဝင်ခဲ့တဲ့ နည်းပြတွေကတော့ ဘန်လေနည်းပြ ဆင်းန်ဒိုင်ချီ ၊ ဝုဖ်အသင်းနည်းပြ အက်စ်ပီရီတိုဆန်းတို့စ် ၊ ကာဒစ်ဖ်အသင်းနည်းပြ နီးလ်ဝါးနော့ခ် ၊ လီဗာပူးလ်နည်းပြ ဂျာဂန်ကလော့ပ် ၊ အက်ခရင်စတန်လေ အသင်းနည်းပြ ဂျွန်ကိုးလ်မန်း တို့ပဲဖြစ်ကြ ပါတယ်။

ဒါ့အပြင် ဂွါဒီယိုလာဟာ LMA ကနေပဲ ပေးအပ်တဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကိုလည်း ရရှိခဲ့ပါတယ်။ ဝုဖ်အသင်းနည်းပြ အက်စ်ပီရီတိုဆန်းတို့စ် ဟာ ချန်ပီယံရှစ်တစ်နှစ်တာအကောင်းဆုံးနည်းပြဆု ကို ရရှိခဲ့သလို ရှရူးစ်ဘယ်ရီ အသင်းနည်းပြ ပေါလ်ဟာ့စ်တ် ဟာလည်း လိဂ်ဝမ်းရဲ့တစ်နှစ်တာအကောင်း ဆုံးနည်းပြဆုကိုရရှိခဲ့ပါတယ်။ လိဂ်တူး တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကိုတော့ အက်ခရစ်စတန်လေ အသင်းနည်းပြ ဂျွန်ကိုးလ်မန်း က ရရှိခဲ့ပါတယ်။

အမျိုးသမီးစူပါလိဂ်ဝမ်းတစ်နှစ်တာအကောင်းဆုံး နည်းပြဆုကိုတော့ ချယ်ဆီးအမျိုးသမီး အသင်းနည်းပြ အမ်မာဟေး ၊ အမျိုးသမီးလိဂ်တူးတစ်နှစ်တာအကောင်းဆုံး နည်းပြဆုကိုတော့ Millwall Lionesses အသင်းနည်းပြ လီဘာ့ခ်ျ တို့က ရရှိခဲ့ပါတယ်။

 

Comments