(၇)ကြိမ်ဆက်စီးရီးအေချန်ပီယံဆုကိုရရှိခဲ့တဲ့ဂျူဗင်တပ်စ်အသင်း

Thet Htet Lin Thet Htet Lin

ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ ရိုးမားအသင်းနဲ့ ဂိုးမရှိသရေကျခဲ့အပြီး (၇)ကြိမ်ဆက် စီးရီးအေ ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ရာသီပြီးဆုံးဖို့ တစ်ပွဲအလိုမှာပဲ ဒုတိယနေရာမှ နာပိုလီအသင်းကို (၄)မှတ် ဖြတ်ပြီး ယခုလို ချန်ပီယံဆုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါဟာဂျူဗင်တပ်စ်အသင်းအတွက် စီးရီးအေချန်ပီယံဆုကို (၃၄)ကြိမ်မြောက်ရရှိခဲ့တာလည်းဖြစ်ပါ တယ်။ ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လည်း ကိုပါအီတလီယာ ချန်ပီယံဆုကိုရရှိ ခဲ့ပြီး နည်းပြ အယ်လီဂရီအတွက် တစ်ရာသီတည်း ဖလား(၂)လုံးကို (၄)ကြိမ်ဆက်တိုက် ရရှိခဲ့တာလည်းဖြစ်ပါ တယ်။

ဒုတိယနေရာမှာဖိအားပေးနေတဲ့ နာပိုလီအသင်းကတော့ ဒီပွဲမှာ ဂျူဗင်တပ်စ်အသင်းရှုံးပွဲကြုံဖို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။ ရိုးမားအသင်းဟာ ဒီပွဲမှာ အနိုင်ရဖို့ အခွင့်အရေးတွေရှိခဲ့ပေမယ့် နိုင်ဂိုလန် နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပြီး ဂိုးမရှိသရေရလဒ်နဲ့ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

နာပိုလီအသင်းဟာ ဆမ်ဒိုးရီးယားအသင်းကို (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း ဂျူဗင်တပ်စ် အသင်းရဲ့ သရေတစ်မှတ်ကြောင့် ချန်ပီယံမျှော်လင့်ချက်နဲ့ဝေးကွာခဲ့ရပါတယ်။

နာပိုလီအသင်းဟာ ရာသီအစောပိုင်းတုန်းက အမှတ်ပေးဇယားကို ဦးဆောင်နိုင်တဲ့အချိန်တွေရှိခဲ့ သလို ဧပြီ လ(၂၃) ရက်နေ့က ပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းကို အနိုင်ယူခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အဲဒီပွဲစဉ်အပြီး ဖီအိုရင်းတီးနားကို (၃)ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်မှု ၊ တိုရီနို အသင်းနဲ့ သရေရလဒ်ထွက်ပေါ် မှုတွေက ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။

နည်းပြအယ်လီဂရီကတော့ အာဆင်နယ်အသင်းကိုပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေပေ မယ့်လည်း နောက်ရာသီမှာ ဂျူဗင်တပ်စ်အသင်းနဲ့အတူ အောင်မြင်မှုတွေရယူသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

“ ဂျူဗင်တပ်စ်အသင်းမှာ ကျွန်တော့်အတွက် အမြဲတမ်း စိတ်ဓာတ်တက်ကြွမှုတွေရှိနေပါတယ်။ ရည်ရွယ်ချက်ကတော့ နှစ်တိုင်းအောင်မြင်မှုတွေယူဖို့ပါ။ ကိုယ့်ကိုယ်ကို အကောင်းဆုံးလုပ်ပြီး စိတ်ဓာတ်တက်ကြွအောင်လုပ်ရပါမယ်။ ကိုယ်ပိုင်ရည်ရွယ်ချက်တွေချမှတ်ပြီး အသင်းအတွက် လုပ်ရပါမယ်။ သိပ်ကောင်းတဲ့ ခံစားချက်ပါ။ ဘယ်တော့မှ ဒီလိုနိုင်ဖို့က မလွယ်ပါဘူး။ ချန်ပီယံဆု (၇) ဆုလုံးရယူနိုင်ခဲ့တဲ့ ကစားသမားတွေလည်းရှိသလို ကျွန်တော်တို့ ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရခဲ့ပြီးပါပြီ။ တူရင်မှာ အတူအောင်ပွဲခံချင်ပါတယ်။ ” လို့ နည်းပြ အယ်လီဂရီကပြောကြားခဲ့ပါတယ်။

Comments