ဆာလက်အန်ဖီးလ်ကထွက်ခွာသွားခဲ့ရင်သူ့နေရာမှာဘယ်သူ့ကိုအစားထိုးမလဲ?

Thet Htet Lin Thet Htet Lin

လီဗာပူးလ်အသင်းရဲ့ ကစားသမား ဆာလက်ကတော့ အသင်းကို စရောက်တဲ့ ရာသီမှာပဲ ထူးထူးခြားခြားလုပ်ပြနိုင်ခဲ့ပြီဖြစ်ပါတယ်။

အီဂျစ်လက်ရွေးစင်ကစားသမားတစ်ဦးလည်းဖြစ်တဲ့ ဆာလက်ဟာ အန်ဖီးလ်ကို စရောက်လာတဲ့ အချိန်တည်းကစလို့ ချီးကျူးဖွယ်ကောင်းတဲ့စွမ်းဆောင်ရည်တွေနဲ့အတူ တစ်ဦးချင်း ဆုတံဆိပ် တွေ လည်း ရရှိခဲ့ပါတယ်။
အဲဒီလိုစွမ်းဆောင်ရည်တွေနဲ့အတူ ဘာစီလိုနာ ၊ ရီးယဲလ်မက်ဒရစ် အစရှိတဲ့ အသင်းတွေကလည်း ဆာလက်ကို ခေါ်ယူဖို့ ကြိုးစားလာပြီဖြစ်ကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဘယ်လိုပဲသတင်းတွေထွက်ပေါ်နေသည်ဖြစ်စေ ဆာလက်အတွက်ကတော့ အန်ဖီးလ်မှာ ဆက်ရှိဖို့ အချိန် တစ်နှစ်ကျန်ရှိနေပါသေးတယ်။

တကယ်လို့ ဆာလက်သာ လီဗာပူးလ်အသင်းက ထွက်ခွာခဲ့မယ်ဆိုရင် လာမယ့်ရာသီအတွင်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ သူ့နေရာကိုအစားထိုးဖို့ အသင်းအနေနဲ့ အတော်လေး ခေါင်းစားရမယ့် အခြေအနေဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Fox Sports Asia ကတော့ ဆာလက်သာ လီဗာပူးလ်က ထွက်ခွာခဲ့ရင် သူ့နေရာ အစားဝင်နိုင်တဲ့ ကစားသမားတစ်ချို့ကို စုစည်းထားပါတယ်။

ဖလော်ရီယန်သော်ဗင် ( မာဆေးလ် )

ဖြစ်နိုင်ချေရှိတဲ့ ကစားသမားတွေထဲကတစ်ယောက်ကတော့ ဖလော်ရီယန်သော်ဗင်ဖြစ်ပါတယ်။ ပြင်သစ်လီဂူးဝမ်းမှာခြေစွမ်းပြနေတဲ့ ဖလော်ရီယန်သော်ဗင် အနေနဲ့ သူ့ရဲ့ ကစားသမားဘဝအစမှာ နယူးကာဆယ်အသင်းမှာလည်း ကစားခဲ့ဘူးတာကြောင့် ပရီးမီးယားလိဂ် အတွေ့အကြုံရှိပြီးသားပါ။

ဒါပေမယ့်အဲဒီအချိန်တုန်းကတော့ သော်ဗင်ရဲ့ ခြေစွမ်းဟာအရမ်းကြီးမမြင်သာခဲ့ပေမယ့်လည်း ပြင်သစ်ကိုပြောင်းကစားတဲ့အချိန်မှာတော့ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ယခုရာသီမှာ သော်ဗင်ဟာ စုစုပေါင်း သွင်းဂိုး (၂၀) သွင်းယူပေးထားပါတယ်။

သူရဲ့ ဘောလုံးအထိန်းအသိမ်းနဲ့ ဆွဲပြေးတတ်တဲ့ စွမ်းရည်ဟာ ဆာလက်နဲ့ ဆင်တူပြီး ကျိုးကြောင်း ဆီလျော်တဲ့ လူစားထိုးမှုဖြစ်လာမှာပါ။

သော်ဗင်နဲ့ ဆာလက်ရဲ့ အဓိက ကွာခြားမှုကတော့ ကြံ့ခိုင်သန်မာမှုဖြစ်ပါတယ်။ ဒါပေမယ့်လည်း သော်ဗင်အနေနဲ့ ပရီးမီးယားလိဂ်မှာနောက်တစ်ကြိမ်ခြေချမယ်ဆိုရင် ဆာလက်လို စွမ်းဆောင်နိုင် ဖို့လိုပြီး အကောင်းဆုံးလုပ်ပြဖို့လိုပါတယ်။

မယ်လ်ကွန် ( ဘော်ဒိုး)

လက်ရှိပြင်သစ်လီဂူးဝမ်းကလပ် ဘော်ဒိုးအသင်းမှာ ကစားနေတဲ့ မယ်လ်ကွန်ဟာလည်း ဆာလက် ထွက်ခွာရင် အစားထိုးနိုင်မယ့် လီဗာပူးလ်အသင်းရဲ့ နောက်ထပ် ပစ်မှတ်တစ်ခုဖြစ်ပါတယ်။

ပရိသတ်အများကတော့ မယ်လ်ကွန်ကို နေမာလက်သစ်လို့ တင်စားထားကြပြီး သူ့ရဲ့ ပြောင်မြောက် တဲ့ ခြေစွမ်းနဲ့အတူ ဥရောပအသင်းကြီး များစွာရဲ့ မျက်စိကျစရာ ကစားသမားဖြစ်လာခဲ့ပါတယ်။

မယ်လ်ကွန်ဟာ ယခုရာသီတွင်း (၃၃)ပွဲ ကစားရာမှာ သွင်းဂိုး (၁၀)ဂိုးနဲ့ ဂိုးဖန်တီးမှု (၆)ကြိမ် ဖန်တီး ပေးနိုင်ခဲ့ပါတယ်။ ဒီလိုမျိုးအသက်အရွယ်မှာပဲ မယ်လ်ကွန်ဟာ ပိုပြီးတိုးတက်ပြည့်စုံတဲ့ ကစားသမား ဖြစ်ကြောင်း အားလုံးကလည်း လက်ခံထားကြပါတယ်။ မယ်လ်ကွန်သာ အန်ဖီးလ်ကိုရောက်ရှိလာမယ် ဆိုရင် စိတ်လှုပ်ရှားစရာတစ်ခုခုလုပ်ပြနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

လက်ရှိချိန်မှာ မယ်လ်ကွန်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် (၄၅)သန်း သတ်မှတ်ထားပြီး သူ့ရဲ့ ခြေစွမ်း တိုးတက်လာရင် တိုးတက်လာသလို တန်ဖိုးမြင့်တက်လာမှာဖြစ်ပါတယ်။

နာဘီလ်ဖီကာ ( လိုင်ယွန် )

ဆာလက်ထွက်ခွာခဲ့လျှင် သူ့နေရာမှာ အစားထိုးနိုင်ဖို့အတွက် ရေပန်းစားနေတဲ့ ကစားသမားတွေထဲ မှာ လိုင်ယွန်ကစားသမား နာဘီလ်ဖီကာလည်း ပါဝင်လာခဲ့ပါတယ်။

ဂိုးရှေ့မှာ တည်တည်ငြိမ်ငြိမ်နဲ့ တစ်ဖက်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်တဲ့ သူ့ရဲ့ စွမ်းရည်ဟာ လီဗာပူးလ်အသင်းရဲ့ မျက်စိကျစရာ အကြောင်းအရင်းတစ်ခုပါ။

လက်ရှိရာသီတွင်း လိုင်ယွန် အသင်းအတွက် (၂၈) ပွဲပါဝင် ကစားရာမှာ သွင်းဂိုး (၁၇) ဂိုးနဲ့ ဂိုးဖန်တီးမှု (၆)ကြိမ် ပြုလုပ်ထား နိုင်ပါတယ်။

နာဘီလ်ဖီကာရဲ့ လျှင်မြန်မှု ၊ ယုံကြည်မှု နဲ့ ကြံ့ခိုင်မှုစွမ်းရည်တွေဟာ ဆာလက်နဲ့ လုံးဝဆင်တူပြီး ပရီးမီးယားလိဂ်မှာ အလွယ်တကူ အထိုင်ကျလာမယ့် ကစားသမားဖြစ်ပါတယ။်

ဖီလ်ကာအနေနဲ့ လီဗာပူးလ်အသင်းကို ရောက်ရှိလာမယ့်ဆိုရင် မာနေး ၊ ဖာမီနို အစရှိတဲ့ ကစားသမား တွေနဲ့ လည်း အပေးအယူမျှတစွာ ကစားနိုင်တဲ့ ကစားသမားမျိုးဖြစ်ပါတယ။်

ဂျူလီယန်ဘရန့်ဒ် ( လီဗာကူဆင်)

ဆာလက်သာ ထွက်ခွာခဲ့မယ်ဆိုရင် လီဗာကူဆင် လူငယ်ကစားသမား ဂျူလီယန်ဘရန့်ဒ် ဟာလည်း အစားထိုးနိုင်ဖွယ်ရှိတဲ့ ကစားသမားတွေထဲမှာ ပါဝင်လာပါတယ်။

အသက် (၂၂)နှစ်အရွယ် ဘရန့်ဒ်ဟာ တစ်ဖက်အသင်းကို ကောင်းကောင်း ခြိမ်းခြောက်နိုင်သလို သေသပ်တဲ့ ဘောလုံး အထိန်းအသိမ်းစွမ်းရည်တွေကို ပိုင်ဆိုင်ထားပါတယ်။

ယခုရာသီတွင်း ဘွန်ဒက်စ်လီဂါ (၃၃)ပွဲ ပါဝင်ကစားရာမှာ ဘရန့်ဒ်ဟာ သွင်းဂိုး (၈)ဂိုးနဲ့ ဂိုးဖန်တီးမှု (၅)ကြိမ် ပြုလုပ်ပေးထားနိုင်ပါတယ်။

ဒါပေမယ့်လည်း တစ်ခါတစ်ရံ ပြဿနာဖြစ်တတ်တဲ့ ဘရန့်ဒ်ရဲ့ အမူအကျင့်နဲ့ အချို့သော ကွင်းပြင်ပ ပြဿနာတွေအပေါ်မှာ ပရိသတ်များက မေးခွန်းထုတ်နေပါတယ်။

ဒါပေမယ့်လည်း ဂျာဂန်ကလော့ပ်ရဲ့ အုပ်ချုပ်မှုပုံစံနဲ့ဆိုရင် သူ့ကို ရင့်ကျက်တဲ့ ကစားသမားအဖြစ် ပြောင်းလဲစေနိုင်ပြီး အကောင်းဆုံး တောင်ပံ ကစားသမားတွေထဲက တစ်ယောက်အဖြစ် မြင်တွေ့ရဖွယ်ရှိနေပါတယ်။

ဒိုင်ဘာလာ ( ဂျူဗင်တပ်စ်)

ဆာလက်နေရာမှာ အစားထိုးနိုင်ဖွယ်ရှိတဲ့ ကစားသမားတွေထဲမှာတော့ ဒိုင်ဘာလာဟာ ငြင်းဆိုဖွယ်ရာ မရှိတဲ့စွမ်းရည်တွေပိုင်ဆိုင်ထားတဲ့ ကစားသမားဖြစ်ပါတယ။်

ယခုရာသီတွင်း ဂျူဗင်တပ်စ်အသင်းအတွက် (၃၁)ပွဲ ပါဝင်ကစားရာမှာ (၂၂)ဂိုး သွင်းယူပေးခဲ့ပြီး ဂိုးဖန်တီးမှု (၅)ကြိမ် ပြုလုပ်ထားပါတယ်။

ရေပန်းစားနေတဲ့ ကစားသမားတွေထဲမှာ ဒိုင်ဘာလာရဲ့ခြေစွမ်းကတော့ အများနဲ့မတူ တစ်မူထူးပြီး မယုံနိုင်လောက်အောင် စွမ်းဆောင်ပေးထားပါတယ်။ တစ်ဖက်ကစားသမားတွေ ပိတ်ဆို့ နေတဲ့ အချိန်မှာ လျှင်မြန်မှုနဲ့ တိုးဝင်ပြီး ထိုးဖောက်တတ်တဲ့ ကစားဟန်ဟာ သူ့ရဲ့ မြင်သာတဲ့ စွမ်းရည်တစ်ခု ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ တောင့်တင်းတဲ့ ကစားဟန်ဟာ ဒိုင်ဘာလာအတွက် အလုပ်ဖြစ်နိုင်သလို သူ့အပေါ် ယုံကြည်မှု အပြည့်ပေးနိုင်မှာလည်းဖြစ်ပါတယ်။

အားလုံးကတော့ ဒိုင်ဘာလာရဲ့တန်ကြေးဟာ ပေါင် သန်း (၁၀၀)ထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါ တယ်။ ဒါပေမယ့်လည်း ဆာလက်အသင်းမှထွက်ခွာမယ်ဆိုရင် လီဗာပူးလ်အသင်းဟာလည်း နောက်ထပ် စူပါစတား ကစားသမားတစ်ဦးအတွက် ငွေအများကြီးပေးရမှာဖြစ်ပါတယ်။

အနှစ်ချုပ်

မည်သို့ပင် ရေပန်းစားနေသည်ဖြစ်စေ လီဗာပူးလ်အတွက် အကောင်းဆုံးနည်းလမ်းကတော့ အမြင့် ဆုံးခြေစွမ်းတွေ ပိုင်ဆိုင်ထားတဲ့ ဆာလက်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ဖြစ်ပါတယ။် ဆာလက်ရဲ့ ခြေစွမ်းပြနိုင်မှုဟာ လီဗာပူးလ်ကို အသင်းလိုက် တောင့်တင်းတဲ့အသင်းဖြစ်အောင် ဘယ်လိုအကျိုးသက်ရောက်မှုရှိစေလဲဆိုတာ စိတ်လှုပ်ရှားစရာပါ။

ဆာလက်ကိုခေါ်ယူချင်တဲ့ အသင်းတွေ မြောက်များစွာရှိနေတဲ့ အခြေအနေမှာ လီဗာပူးလ် အသင်း က သူ့ကို ဘယ်လိုဆက်လက်ထိန်းသိမ်းနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်ပါ တယ်။

Comments