ကွင်းလယ်ဒိုင်လူကြီး က ဘာစီလိုနာအသင်းကို ကူညီခဲ့တယ်လို့ ဆိုခဲ့တဲ့ ဒီဖရန်ဆက်စကို

Yan Yan Yan Yan

ရိုးမား နည်းပြ ဒီဖရန်ဆက်စကိုက ဘာစီလိုနာအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ ဒီပွဲစဉ်ကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးအပေါ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရိုးမားအသင်းသားတွေဖြစ်တဲ့ ဒီရော့ဆီ နဲ့ မာနိုလက်စ်တို့ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တဲ့ သွင်းဂိုးတွေကြောင့် ဘာစီလိုနာအသင်း ၂ ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပီကေးရဲ့ သွင်းဂိုးနဲ့အတူ မိနစ် ၆၀ မတိုင်ခင်မှာ ၃ ဂိုးပြတ်ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ဂျက်ကိုက ရိုးမားအတွက် ခြေပဂိုး ၁ ဂိုးသွင်းယူပေးခဲ့ပေမယ့် ဆွာရက်က နောက်ထပ်တစ်ဂိုး ထပ်မံသွင်းယူခဲ့တာကြောင့် ၄ ဂိုး ၁ ဂိုးနဲ့ ပွဲပြီးဆုံးခဲ့ပြီး ဘာစီလိုနာအသင်းက နောက်တစ်ဆင့်တက်ရောက်ဖို့ အခြေအနေကောင်းကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဒီဖရန်ဆက်စကို က ရိုးမားအသင်းအနေနဲ့ အမှားတွေများစွာ ပြုလုပ်ခဲ့ပေမယ့် ပထမပိုင်းမှာ ပင်နယ်တီ ၂ ကြိမ်ကို ငြင်းဆန်ခဲ့တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကလည်း ဒီရလဒ်ပေါ်မှာ သက်ဆိုင်ခဲ့တယ်လို့ ဆိုပါတယ်။ဆီမီဒို ရိုးမားတိုက်စစ်မှူး ဂျက်ကိုကို ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ကွင်းလယ်ဒိုက် မြင်တွေ့ခဲ့ပေမယ့် ပင်နယ်တီ သက်မှတ်ပေးခဲ့ခြင်းမရှိသလို လော်ရန်ဇို ပယ်လီဂရီနီကို အူမစ်တီ ရှင်းထုတ်ခဲ့ရာမှာလည်း ပင်နယ်တီစည်းအပြင်မှာပဲ ပြစ်ဒဏ်ဘော သက်မှတ် ပေးခဲ့တာတွေပဲဖြစ်ပါတယ်။

“အသင်းနောက်တစ်ဆင့်တက်ဖို့ ခက်ခဲသွားခဲ့ပြီဆိုပေမယ့် ကွင်းလယ်ဒိုင်လူကြီးသာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ဘက်မလိုက်ခဲ့ဘူးဆိုရင် ဘာစီလိုနာအသင်းလည်း ခက်ခဲနေမှာသေချာပါတယ်။ဒါပေမယ့် ဘာစီလိုနာလိုအသင်းနဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်မှာအသင်းက အမှားတွေကို လွယ်လွယ်ကူကူပဲ ပြုလုပ်ခဲ့ပါတယ်။ ဒီရော့စီ အမှားကျူးလွန်ခဲ့ပြီး မာနိုလက်စ်ရဲ့ ဂိုးကတော့ ကံတရားကြောင့် ၀င်သွားခဲ့တာပါ။”

“ဒီအရာတွေက ကျွန်တော်တို့ရဲ့ အမှားတွေပါ။ဒါပေမယ့် ဘာစီလိုနာအသင်းပေါ်မှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေက သာနေခဲ့တယ်လို့ ထင်ပါတယ်။ ဆီမီိဒို ဂျက်ကိုကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာနဲ့ ပတ်သက်ပြီး ရှင်းလင်းစွာ မြင်တွေ့ခဲ့ရပေမယ့် ငြင်းဆန်ခဲ့သလို ၊ မကြာခင်မှာ ဖြစ်ခဲ့တဲ့ ပယ်လီဂရီနီရဲ့ ဖြစ်ရပ်မှာလည်း ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့ပါတယ်” ဆိုပြီး ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ဒီဖရန်ဆက်စကို ဝေဖန်ခဲ့ပါတယ်။

Comments