ဝီလ်လျံကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတဲ့ မန်ချက်စတာ ယူနိုက်တက် ၊ ကိုဗာဆစ်ကို ပြန်လည်ခေါ်ယူမယ့် အင်တာမီလန်

Yan Yan Yan Yan

လာမယ့် ၂၀၁၈ နွေရာသီအပြောင်းအရွှေ့မတိုင်ခင်မှာ နောက်ဆုံး ရရှိထားခဲ့တဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ လှုပ်ခတ်နေတဲ့ နောက်ဆုံးရ သတင်းတွေကို FOX Soprts Asia ကနေ နေ့စဉ်တင်ဆက်ပေးမှာပါ။

ဒီတစ်ခေါက်ဖော်ပြပေးမှာတော့ ဧပြီလ ၅ ရက်နေ့အတွက် နောက်ဆုံးရရှိထားခဲ့တဲ့ အပြောင်းအရွှေ့နဲ့ ဆိုင်တဲ့သတင်းတွေပါ။

ဝီလ်လျံကိုခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ချဲလ်ဆီးကွင်းလယ်ကစားသမား ၀ီလ်လျံကို လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ယခုနှစ်ရာသီမစတင်ခင်ကလည်း ၀ီလ်လျံကို ကြိုးပမ်းခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ၀ီလ်လျံကို ယခုနွေရာသီမှာ အပြီးသတ်ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုပြုလုပ်ရန် စီစဉ်ထားပြီလို့ Sun ကဆိုပါတယ်။

ဘရာဇီးလ်လက်ရွေးစင်ကစားသမား ၀ီလ်လျံရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင်သန်း ၃၀ လောက်ရှိနေနိုင်ပြီး အသင်းရဲ့ ကွင်းလယ်လူ မာတာရဲ့ နေရာမှာ အစားထိုးဖို့ မန်ချက်စတာ ယူနိုက်တက်အသင်း စီစဉ်နေပါတယ်။

ကိုဗာဆစ်ကို အသင်းထံပြန်လည်ခေါ်ယူလိုနေတဲ့ အင်တာမီလန်

Calciomercato ကလာတဲ့သတင်းတွေအရတော့ အင်တာမီလန်အသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို ရောင်းချခဲ့တဲ့ ကွင်းလယ်လူ ကိုဗာဆစ်ကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

အင်တာမီလန်အသင်းကနေ ၂၀၁၅ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်းမှာ ပုံမှန်ပွဲထွက်ခွင့်အတွက် ကိုဗာဆစ် ရုန်းကန်နေခဲ့ရပါတယ်။

လာလီဂါပွဲစဉ် ၁၅ ပွဲသာ ပွဲထွက်ခွင့်ရရှိထားခဲ့တဲ့ ကိုဗာဆစ်ဟာ အသင်းမပြောင်းရွှေ့ဖြစ်ခဲ့ဘူးဆိုရင်တော့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ၂၀၂၁ ခုနှစ်ထိ ဆက်ရှိနေမယ့်သူဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတဲ့ ဖာဘင်ညို

မိုနာကို ကွင်းလယ်ကစားသမား ဖာဘင်ညိုကတော့ လာမယ့်နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းတည်ရှိရာ အိုးထရတ်ဖို့ဒ် ကွင်းကို ပြောင်းရွှေ့ဖို့အတွက် မျှော်လင့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ပီအက်စ်ဂျီအသင်းရဲ့ ပစ်မှတ်ဖြစ်ခဲ့တဲ့ ဖာဘင်ညိုရဲ့ပြောင်းရွှေ့ကြေးဟာ ပေါင် ၅၅ သန်းလောက်ရှိနိုင်တယ်လို့ Sun ကဖော်ပြပါတယ်။

A post shared by Fabio Tavares (@fabinho) on

ဒီရာသီမှာအသင်းတွက် ၇ ဂိုးသွင်းယူပေးထားတဲ့ ဖာဘင်ညို မိုနာကိုအသင်းနဲ့ ချုပ်ဆိုထားခဲ့တဲ့ စာချုပ်သက်တမ်းက ၂၀၁၉ ခုနှစ်မှ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

မော့ဆက် ဆိုင်မွန်ကိုစောင့်ကြည့်နေတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဂျန့်တောင်ပံကစားသမား မော့ဆက် ဆိုင်မွန်ကိုခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ HLN ကဖော်ပြပါတယ်။

အသက် ၂၂ နှစ်သာရှိသေးပေမယ့် မော့ဆက် ဆိုင်မွန်ဟာ ဒီရာသီ သွင်းဂိုး ၃ ဂိုးသွင်းယူးထားနိုင်ခဲ့ကာ ဂျန့်အသင်းမှာ ၄၁ ပွဲပွဲထွက်ခွင့် ရရှိထားခဲ့တဲ့ အဓိကကစားသမားတစ်ဦးဖြစ်သလို နိုင်ငံလက်ရွေးစင်အသင်းဖြစ်တဲ့ နိုင်ဂျီးရီးယားအသင်းတွက်လည်း ၁၇ ပွဲပါဝင်ကစားပေးထားခဲ့ပါတယ်။

အယ်ကာဆာကို ခေါ်ယူနိုင်တော့မယ့် ဆောက်သမ်တန်

ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်အသင်းအနေနဲ့ ရာသီကုန်မှာ တန်းဆင်းဇုန်ကနေ လွတ်မြောက်နိုင်ခဲ့တယ်ဆိုရင် ဘာစီလိုနာအသင်း တိုက်စစ်မှူး အယ်ကာဆာကို အသင်းထံခေါ်ယူနိုင်မယ်လို့ သိရှိရပါတယ်။

ဒီရာသီ သွင်းဂိုး ၆ ဂိုးသွင်းယူထားခဲ့တဲ့ အယ်ကာဆာကို ဆောက်သန်တမ်အသင်း ကာလရှည်စောင့်ကြည့်နေခဲ့တာဖြစ်တယ်လို့လည်း Daily Mirror ကဖော်ပြခဲ့ပါတယ်။

အသင်းနဲ့ ၂၀၂၁ ထိသက်တမ်းကျန်ရှိနေတဲ့ အယ်ကာဆာကို အသင်းရဲ့ ၀ါရင့်တိုက်စစ်မှူး ဂါဘီယာဒီနီရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ ဆောက်သမ်တန်အသင်း စီစဉ်နေတာ ဖြစ်ပါတယ်။

Comments