ရီးရဲလ်အသင်းကို အနိုင်ရရှိမယ်လို့ ယုံကြည်နေတဲ့ ပီအက်စ်ဂျီနည်းပြ အမ်မရီ

ပီအက်စ်ဂျီအသင်းနည်းပြ အူနိုင်း အမ်မရီက အသင်းအနေနဲ့ ရီးရဲလ်အသင်းနဲ့ တွေ့ဆုံတဲ့ ၁၆ သင်းရှုံးထွက်ပွဲစဉ်ကို အနိုင်ရရှိမယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

အမ်မရီက အသင်းအနေနဲ့ လက်ရှိချန်ပီယံနဲ့ ယှဉ်ပြိုင်ရတဲ့ အချိန်မှာ အခွင့်အရေး ကောင်းကို ရယူနိုင်မယ်လို့ ယုံကြည်နေပြီး ချန်ပီယံဆုကို ရယူဖို့ အချိန်ရောက်ပြီလို့လည်း ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းကတော့ ဒီရာသီမှာ ရှုံးပွဲ ၃ ပွဲသာ ကြုံတွေ့ထားပြီး ရီးရဲလ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင် ကစားခဲ့တဲ့ ၆ ပွဲမှာ ၁၉ ဂိုးထိသွင်းယူထားတာ ဖြစ်ပါတယ်။

“ရီးရဲလ်နဲ့ တွေ့ဆုံတဲ့အချိန်ဟာ ကျွန်တော်တို့အတွက် အချိန်ကောင်းပါ။ ဘာလို့ လည်းဆိုတော့ အသင်းရဲ့ အကောင်းဆုံး အချိန်ကို ရောက်ရှိနေခဲ့လို့ပါ။ အကောင်းဆုံး အသင်းနဲ့ ယှဉ်ပြိုင်ရတဲ့ အချိန်မှာ အကောင်းဆုံး နည်းလမ်းတွေနဲ့ အနိုင်ရယူနိုင်မယ်လို့ ယုံကြည်ပါတယ်။”

“ချန်ပီယံလိဂ် ရဲ့ အအောင်မြင်ဆုံးအသင်းနဲ့ ရင်ဆိုင်ချိန်မှာ သူတို့အသင်းသား အားလုံးနဲ့ သူတို့အသင်းပေါ်ကို လေးလေးစားစားရှိပါတယ်။ အကောင်းဆုံး ခြေစွမ်းကို ပြသပြီး သူတို့ကို ရင်ဆိုင်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်”

“ဘယ်လောက်ထိ ခက်ခက်ခဲခဲရင်ဆိုင်ရမယ်ဆိုတာကို အားလုံးအသိဖြစ်ပေမယ့် အသင်းရဲ့ ခြေစွမ်းဟာ တိုးတက်နေပြီး အကောင်းဆုံး ပီအက်စ်ဂျီအသင်း ပုံစံကို မြင်တွေ့ရဖို့ ယုံကြည်ပါတယ်” ဆိုပြီး အမ်မရီက အသင်းကို ချီးကျူးပြောကြားခဲ့ပါတယ်။

Comments