ကောလဟာလတွေက နေမာအပေါ်ကို သက်ရောက်မှုရှိမှ မဟုတ်ဘူးလို့ ပြောကြားခဲ့တဲ့ မာကွင်ဟို့စ်

ပီအက်စ်ဂျီနောက်ခံလူ မာကွင်ဟို့စ်က နေမာကို ရီးရဲလ်အသင်းက ခေါ်ယူဖို့ ချိန်ဆက်နေတဲ့ သတင်းတွေဟာ ယနေ့ပွဲစဉ်အပေါ် သက်ရောက်မှုရှိမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

နေမာကတော့ ရီးရဲလ်အသင်းကနေ ခေါ်ယူဖို့အတွက် ချိတ်ဆက်ခြင်း ခံခဲ့ရပေမယ့် ရာသီအစမှာ ပီအက်စ်ဂျီအသင်းထံကို ပြောင်းရွှေ့ခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ရီးရဲလ်အသင်းရဲ့ အိမ်ကွင်းမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်ကို သွားရောက်ကစားရမှာ ဖြစ်ပြီး ရီးရဲလ်အသင်းနဲ့ နေမာတို့ ထွက်ပေါ်နေတဲ့ သတင်းတွေက နေမာရဲ့ ခြေစွမ်းပိုင်းကို ထိခိုက်မှာ မဟုတ်ဘူးလို့ မာကွင်ဟို့စ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“နေမာဟာ စိတ်ခံစားချက်ကို အကောင်းဆုံး ထိန်းချုပ်နိုင်တဲ့ ကစားသမားတစ်ဦးပါ။ ဖိအားတွေကနေ ရုန်းထွက်ပြီး ကွင်းအတွင်းမှာ အကောင်းဆုံး ခြေစွမ်းပြသနိုင်မှာပါ။”

“ကွင်းအတွင်းမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေကို ထည့်သွင်းစဉ်းစားနေမယ့် သူတစ်ဦးမဟုတ်ပဲ အသင်းတွက် အကောင်းဆုံး ခြေစွမ်းပြသနေတဲ့သူပါ” ဆိုပြီး မာကွင်ဟို့စ်က ပြောကြားခဲ့ပါတယ်။

နေမာဟာ ပီအက်စ်ဂျီအသင်းကို ယခုနှစ်ရာသီအစမှာ ရောက်ရှိခဲ့ပေမယ့် အသင်းတွက် အကောင်းဆုံး ခြေစွမ်းပြသနေပြီး ပွဲထွက်ကစားခဲ့တဲ့ ၂၇ ပွဲမှာ ၂၈ ဂိုးသွင်းယူထားခဲ့တဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်။

Comments