အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့ကြောင်း အလန်ပါဂျူးပြောကြား

ဝက်စ်ဘရွန်းနည်းပြ အလန်ပါဂျူးက ချဲလ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ အသင်းအနေနဲ့ အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့ဘူးလို့ ခံစားခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ၀က်စ်ဘရွန်းအသင်းအနေနဲ့ ရလဒ်ကောင်း ရရှိဖို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပြီး အသင်းတိုက်စစ်မှူး ဂျေးရိုဒရီဂွတ်ရဲ့ အပိုင်အခွင့်အရေး တစ်ကြိမ်အသုံးမချနိုင်ခဲ့တာက ပွဲကိုအပြောင်းအလဲ ဖြစ်စေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ချဲလ်ဆီးအသင်းကပဲ ပွဲကိုဦးဆောင်ခဲ့ပြီး ၂၅ မိနစ်နဲ့ ၆၃ မိနစ်တွေမှာ ဟာဇတ် နဲ့ ၆၃ မိနစ်တို့မှာ မော့ဆက်တို့က အသင်းတွက် သွင်းဂိုးတွေ ရယူပေးခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒီပွဲစဉ်မတိုင်ခင်မှာ ဘုန်းမောက်အသင်းနဲ့ ၀က်ဖို့ဒ် အသင်းတွေကို ရှုံးနိမ့်ထားခဲ့တာကြောင့် ဒီပွဲစဉ်မှာလည်း ပါဂျူးက ရလဒ်ကောင်း ဆက်လက်ရယူနိုင်ဖို့ ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

“သူတို့အသင်းမှာ စိတ်ဓါတ်ပိုင်း ထိခိုက်မှုတွေ ရှိနေခဲ့တာကို မြင်တွေ့ခဲ့ရတာကြောင့် ကျွန်တော်တို့ နိုင်ပွဲရယူနိုင်ဖို့ ပစ်မှတ်ထားခဲ့ပါတယ်။”

“သူတို့ကို နာကျင်စေတဲ့ ရလဒ်ဖန်တီးချင်ရင် အခွင့်အရေးကောင်းတွေကို အသုံးချဖို့ လိုအပ်ပါတယ်”

“ရိုဒရီဂွတ် အခွင့်အရေးလွဲချော်ခဲ့ပြီး ဒီဂိုးသာ သွင်းယူနိုင်ခဲ့ရင် ကျွန်တော်တို့ နိုင်ပွဲရရှိနိုင်ပါတယ်”

“ချဲလ်ဆီးအသင်း ၁ ဂိုးဂိုးမရှိနဲ့ ဦးဆောင်နေတဲ့ အချိန်မှာလည်း ပွဲအဖြေကို ပြောင်းလဲနိုင်ဖို့ အချိန်ရှိနေခဲ့ပါသေးတယ်။”

“ထိပ်ဆုံး ၆ သင်းနေရာမှာ ရပ်တည်နေတဲ့ အသင်းက ၂ ဂိုးဂိုးမရှိနဲ့ ဦးဆောင်ပြီးရင်တော့ ကျွန်တော်တို့ ပြန်လာနိုင်ဖို့က မလွယ်တော့ပါဘူး”

“အကောင်းဆုံး ကြိုးကြိုးစားစား ကစားခဲ့တဲ့ ကျွန်တော်တို့ နောက်တန်း ကစားသမားတွေအတွက်တော့ တကယ်ကိုခံစားရပါတယ်။”

ဒီပွဲစဉ်မှာ ၀က်စ်ဘရွန်းအသင်းက အသစ်ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူး စတားရစ် ဒဏ်ရာရရှိခဲ့ပြီး ပွဲအစ ၃ မိနစ်မှာပဲ လူစားလဲလှယ်ခဲ့ရတာက အသင်းတွက် ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။

“ကျွန်တော်တို့ သူ့ကို အလိုရှိခဲ့ပြီး သူမပါဝင်နိင်တဲ့အချိန်မှာ ကျွန်တော်တို့ ရုန်းကန်ခဲ့ရပါတယ်”

“သူ မိတာ ၆၀ လောက်ပဲ ပြေးရသေးပြီး တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ် တာကြောင့် ကုသမှုခံယူခဲ့ရပြီး ဒီတစ်ပတ်ပွဲစဉ်ကိုတော့ ကစားနိုင်မှာ မဟုတ်ပါဘူး”

“ကျွန်တော်တို့မှာ သရေပွဲတွေများနေပြီး နိုင်ပွဲတွေရှာဖွေနိုင်ဖို့ လိုအပ်နေပါတယ်”

“ကျွန်တော်တို့ နောက်ထပ် ၂ ပွဲ ၃ ပွဲလောက်ကို အနိုင်ကစားနိုင်ရင် ပြိုင်ဘက် အသင်းတွေကို ဖိအားပေးနိုင်ပါပြီ” လို့ အလန်ပါဂျူးက ပြောကြားခဲ့ပါတယ်။

ဝက်စ်ဘရွန်းအသင်းဟာ နောက်လာမယ့် ပွဲစဉ်မှာတော့ ဆောက်သမ်တန် အသင်းနဲ့ FA ဖလားပွဲစဉ် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

Comments