ဝက်ဖို့ဒ်အသင်း နည်းပြ ဖြစ်သူကို ထုတ်ပယ်ခဲ့ပြီး အဲဗာတန်အသင်းကို အပြစ်တင် ဝေဖန်ခဲ့

ဝက်ဖို့ဒ်အသင်းဟာ အသင်းရဲ့နည်းပြ မာကိုဆေးလ်ဗားကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး သူ့ရဲ့ အခြေအနေကို မတည်မငြိမ် ဖြစ်စေခဲ့တဲ့ အဲဗာတန် အသင်းကို ပြစ်တင်ပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။

ဝက်ဖို့ဒ်အသင်းဟာ ပြီးခဲ့တဲ့ ပွဲစဉ်မှာ လက်စတာ စီးတီးအသင်းကို ရှုံးနိမ့်ခဲ့ပြီး နောက် နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၁၁ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။

ဝက်ဖို့ဒ်အသင်းရဲ့ တရားဝင်ဝဘ်ဆိုက်မှာ ဖော်ပြခဲ့တဲ့အချိန်မှာ အဲဗာတန်အသင်း ကို စောင်းမြောင်း ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး အကောင်းဆုံး တွေ့ဆုံတွေးနွေးမှု မပြုလုပ်နိုင်ခဲ့ရင်တော့ အသင်းနည်းပြရာထူးကနေ ထုတ်ပယ်မှုကို ပြုလုပ်သွားမှာဖြစ်တယ်လို့ အစောပိုင်းက ကြေငြာခဲ့ပါတယ်။

“နည်းပြ ဆေးလ်ဗားကို ရာထူးကနေထုတ်ပယ်ဖို့အတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်။ ဆေးလ်ဗားကို အသင်းတွက် မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုလို့ ထင်ခဲ့တာကြောင့် အသင်းနည်းပြအဖြစ် သူ့ကိုခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အသင်းဟာ သူ့ရဲ့ဦးဆောင်မှုအောက်မှာ ပုံမှန်တိုးတက် မှု တွေရှိနေခဲ့တဲ့အချိန်မှာပဲ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတစ်သင်းရဲ့ အာမခံချက် မရှိတဲ့ ကမ်းလှမ်းမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီလိုအာမခံချက် မရှိတဲ့ မသေချာမရေရာတဲ့ ကမ်းလှမ်းမှုတွေက သူ့ရဲ့ဆုံးဖြတ်ချက်တွေကို အပြောင်းအလဲဖြစ်စေခဲ့တာပါ။ ဒီလိုအချိန်မှာ ၀က်ဖို့ဒ်အသင်းတွက်ကော အသင်းပြောင်းရွှေ့ဖို့ကော တစ်ချိန်တည်းစဉ်းစားနေတာကြောင့် ၀က်ဖို့ဒ် အသင်းနဲ့ ကာလရှည်ချမှတ်ထားတဲ့ အစီအစဉ်တွေ ပျက်စီးခဲ့ရတယ်လို့ ဘုတ်အဖွဲ့ဝင်တွေက ယုံကြည်နေပါတယ်” ဆိုပြီး ၀တ်ဖို့ဒ်အသင်းက ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

Comments