လိုဆယ်ဆိုအပေါ် ယုံကြည်မှုအပြည့်ရှိကြောင်း ပီအက်စ်ဂျီနည်းပြပြောကြား

Thet Htet Lin Thet Htet Lin

ပီအက်စ်ဂျီအသင်းအနေနဲ့ ပြင်သစ်ကွင်းလယ်ကစားသမား လာဆန်နာဒိုင်ယာရာ ကို ခေါ်ယူမည်ဖြစ်ကြောင်း သတင်းတွေထွက်ပေါ်လာတဲ့အချိန်မှာပဲ လက်ရှိကွင်းလယ်ကစား သမား လိုဆယ်ဆို အနေနဲ့ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ဖို့ ယုံကြည် ထားကြောင်း နည်းပြ အမ်မရီကပြောကြားလိုက်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ်ကစားသမား သီယာဂိုမော့တာဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာရရှိ ခဲ့တဲ့ ခြေသလုံးကြွက် သားဒဏ်ရာကြောင့် လာမယ့်ပွဲစဉ်တွေကို လွဲချော်ဖွယ်ရှိနေပါတယ်။

တနင်္ဂနွေနေ့က ရိန်းစ် အသင်းကို (၆)ဂိုး (၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ Coupede France ပွဲစဉ်မှာ လိုဆယ်ဆို ဟာ မိနစ်(၉ ၀)ပြည့် ပါဝင်ကစားပေးခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ သီယေဂို မော့တာ ဟာ လူစားဝင်ကစားသမားအဖြစ် (၆)မိနစ်သာ ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။

ဒါ့အပြင် ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့လက အယ်ဂျာဇီးယားအသင်းကနေ ထွက်ခွာခဲ့တဲ့ ပြင်သစ်ကွင်းလယ်လူ ဒိုင်ယာရာကိုခေါ်ယူဖို့လည်း ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒိုင်ယာရာ ဟာ ချယ်ဆီး ၊ အာဆင်နယ် ၊ ရီးယဲလ်မက်ဒရစ် စတဲ့ အသင်းတွေအပါအ၀င် အသင်းပေါင်းများစွာမှာ ကစားခဲ့ဘူးတဲ့ အတွေ့အကြုံရှိ ကွင်းလယ်ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နည်းပြ အမ်မရီကတော့ လက်ရှိလူစာရင်းစုဖွဲ့မှုအပေါ်ကျေနပ်မှုရှိပြီး သီယေဂို မော့တာ အနားယူနေရတဲ့အချိန်မှာ လိုဆယ်ဆို အနေနဲ့ ဖြည့်တင်းကစားပေးဖို့အတွက် ယုံကြည် ထားကြောင်းဆိုပါတယ်။ လိုဆယ်ဆိုဟာ ယခုနှစ်ရာသီမှာ (၃)ပွဲသာလျှင်ပါဝင်ကစား ခွင့်ရရှိထားပါသေးတယ။်

နည်းပြအမ်မရီကပြောကြားရာမှာ – “ မော့တာရဲ့ဒဏ်ရာဟာ အသေးအဖွဲမျှသာဖြစ်ပြီး မကြာ ခင် ပြန်လည်သက်သာလာဖို့ မျှော်လင့်ထားပါတယ်။ ပြီးတော့ အသင်းရဲ့ အားကစားဒါရိုက်တာ ဟင်းနရစ်နဲ့လည်း အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး စကားပြောရပါဦးမယ်။ လိုဆယ်ဆို ကတော့ စံနမူနာယူရလောက်တဲ့ ကစားသမားပါ။ ပြီးခဲ့တဲ့နှစ်ကစပြီး သူအကောင်းဆုံးကြိုးစားခဲ့တယ်။ ကစားခွင့်ရဖို့ သည်းခံစောင့်ဆိုင်းခဲ့တယ်။ အသင်းနဲ့အတူပူးပေါင်းပြီး ပွဲတွေပါဝင်ကစားခဲ့ပါ တယ်။ အသင်းအချို့က သူ့ကိုခေါ်ယူဖို့ မေးခဲ့ပါသေးတယ်။ လက်ရှိချိန်မှာတော့ အသင်းအ တွက် အကောင်းဆုံးကစားပေးနေပါတယ်။ ဒိုင်ယာရာရဲ့ခြေစွမ်းကို ကျွန်တော် ကောင်းကောင်း သိသလို လက်ရှိ ကစားသမားတွေရဲ့ စုဖွဲ့မှုအတွက်လည်း ပျော်ပါတယ်။ ” လို့ ဆိုပါတယ်။

Comments