ဆန်းချက်ဇ်ကိုခေါ်ယူဖို့ ကမ်းလှမ်းလာခြင်းမရှိသေးကြောင်း အာဆင်ဝင်းဂါးပြော

Thet Htet Lin Thet Htet Lin

အာဆင်နယ်အသင်းရဲ့နည်းပြ အာဆင်ဝင်းဂါးက လက်ရှိချိန်မှာ အသင်းရဲ့ ကစားသမား ဆန်းချက်ဇ်ကို ခေါ်ယူဖို့ မည်သည့်အသင်းကမှ ဆက်သွယ်လာခြင်းမရှိသေးကြောင်း ပြောကြား လိုက်ပါတယ်။

တနင်္လာနေ့ညက လှုပ်ခတ်ခဲ့တဲ့သတင်းတွေမှာတော့ ချီလီလက်ရွေးစင် ကစားသမား ဆန်းချက်ဇ်ကိုခေါ်ယူဖို့ လက်ရှိအမှတ်ပေးဇယားထိပ်က ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီး အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)နဲ့ ကမ်းလှမ်းခဲ့တယ်လို့ ရေးသားဖော်ပြခဲ့ကြပါ တယ်။

ဒါပေမယ့်လည်း အာဆင်ဝင်းဂါးကတော့ လက်ရှိချိန်ထိ ကမ်းလှမ်းမှု တစ်စုံတစ်ရာကို လက်ခံ ရရှိခြင်း မရှိသေးကြောင်း အတိအလင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ အာဆင်ဝင်းဂါးက Sky Sports ကိုပြောကြားခဲ့ရာမှာ – “ ဘာမှ မျှော်လင့်ထားတာမရှိပါဘူး။ နောက်တစ်ပွဲအတွက် ပဲ အာရုံစိုက်ထားပါတယ်။ လက်ရှိမှာ ကစားသမားတွေအပြိုင်အဆိုင်ခေါ်ယူနေပေမယ့်လည်း ဆန်းချက်ဇ်ရဲ့ အပြောင်းအရွှေ့ကတော့ တိတ်ဆိတ်နေပါတယ်။ ” လို့ ဆိုပါတယ်။

ဆန်းချက်ဇ်နဲ့ အာဆင်နယ်အသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ ယခုနှစ်ရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အဲဒီအချိန်ကျရင်တော့ ဆန်းချက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

ဆန်းချက်ဇ်ဟာ ယခုနှစ်ရာသီအတွင်း အာဆင်နယ်အသင်းအတွက် (၁၉ )ပွဲပါဝင်ကစားထား ရာမှာ (၇)ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Comments