စတာလင်ရဲ့ သွင်းဂိုးနဲ့အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ခဲ့တဲ့ မန်စီးတီး

မန်စီးတီးအသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ ပွဲစဉ်မှာတော့ မန်စီးတီးအသင်း စတာလင်ရဲ့ နောက်ဆုံမိနစ် သွင်းဂိုးနဲ့အတူ အနိုင်ရရှိခဲ့ပါတယ်။

မန်စီးတီး ၂ – ၁ ဆောက်သမ်တန်

ပွဲရဲ့ ပထမပိုင်းဟ အကြိတ်အနယ်ရှိခဲ့ပြီး ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ မန်စီးတီး ကွင်းလယ်ကစားသမား ဒီဘရိုင်းရဲ့ ပြစ်ဒဏ်ဘောကန်သွင်းချက်ကို ဆောက်သမ်တန်အသင်း ခွင့်ပြုခဲ့ရပါတယ်။ပွဲကစားချိန် မိနစ် ၇၀ ကျော်မှာတော့ ဆောက်သမ်တန်အင်းတွက် ခြေပဂိုးကို ရိုမီအူ သွင်းယူပေးနိုင်ခဲ့ပေမယ့် စတာလင်ရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးကြောင့် မန်စီးတီးအသင်းကို အရှုံးပေးခဲ့ရပါတယ်။

ဧည့်သည်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဆောက်သမ်တန်အသင်း ဦးဆောင်ဂိုး စောစောစီးစီးရဖို့ နီးစပ်ခဲ့ပေမယ့် ထောင့်ကန်ဘောကနေ ဂိုးသွင်းယူဖို့ကြိုးစားခဲ့တဲ့ ၀က်စလေဟော့ရဲ့ ကြိုးစားချက်လွဲချော်ခဲ့ပါတယ်။

မန်စီးတီးအသင်း တောင်ပံကစားသမား စတာလင်ရဲ့ ကန်သွင်းချက်ကိုတော့ ဆောက်သမ်တန် ဂိုးသမား ဖရေဇာဖော်စတာ ကာကွယ်နိုင်ခဲ့ပြီး ပြန်ထွက်လာရာကို ပိတ်သွင်းခဲ့တဲ့ ဂျီးဆပ်ရဲ့ ကပ်သွင်းချက်ကိုလည်း ထပ်မံကာကွယ်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ပြီး မိနစ်ပိုင်းမှာပဲ မန်စီးတီးအသင်း ဦးဆောင်ဂိုးရရှိ ခဲ့ပါတယ်။ ဒီဘရိုင်းရဲ့ ပြစ်ဒဏ်ဘောကန်သွင်းချက်ကို ဆောက်သမ်တန် နောက်ခံလူ ဗန်ဒစ်ရှင်းထုတ်ဖို့ ကြိုးစားခဲ့ရင်း ကိုယ်ဂိုးကိုယ်သွင်းယူမိခဲ့ပါတယ်။

ဆောက်သမ်တန်ဂိုးသမား ဖရေဇာ ဖော်စတာ အကောင်းဆုံးလက်စွမ်းပြသနိုင်ခဲ့ ပြီး ဒီဘရိုင်း ဂိုးစည်းထောင့်ကနေ အပြင်ကန်သွင်းခဲ့တဲ့ ဘောလုံးကို ကာကွယ်ခဲ့ပြီး ပြန်ကန်ထွက်လာမှုကို တစ်ဦးချင်း ပိတ်သွင်းခဲ့တဲ့ ဂျီဆပ်ရဲ့ ပိတ်သွင်းချက်ကိုလည်း ကာကွယ်နိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်း နောက်ထပ် ဦးဆောင်ဂိုးရရှိနိုင်မယ့် အခွင့်အရေး ကို ဒီဘရိုင်းရဲ့ ဖြတ်တင်ပေးပို့မှုကနေ ရရှိခဲ့ ပေမယ့် အဂူရိုအသုံးချနိုင်ခဲ့ခြင်း မရှိပါပဲ ခေါင်းတိုက်ချက် ဂိုးတိုင်ပေါ်ကထွက် သွားခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ဆောက်သမ်တန်အသင်း လူစားလဲလှယ်မှု ပြုလုပ်ခဲ့ပြီး ပီရယ် အီမိုင်းရဲ့ နေရာမှာ ဆိုဖီရန် ဘူဖော ၀င်ရောက်ကစားခဲ့ပါတယ်။

ဘူဖောအနေနဲ့ လူစားဝင်ရောက်ခဲ့ပြီးနောက်မှာတော့ အသင်းဖော် ရိုမီအူ ဂိုးသွင်း ယူနိုင်ဖို့ ဖန်တီးပေးပို့နိုင်ခဲ့ပါတယ်။ လူစားဝင်ရောက်ပြီး ပထမဆုံး ဘောလုံးထိ တဲ့အချိန်မှာပဲ ဂိုးရှေ့ပေးပို့ခဲ့ရာမှာ ရိုမီအူ ပိတ်သွင်းပြီး ခြေပဂိုးအဖြစ် ပြောင်းလဲ ခဲ့ပါတယ်။

ပွဲပြီးဆုံးဖို့ စက္ကန့်ပိုင်းအလိုမှာတော့ စတာလင် မန်စီးတီးအသင်းတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ပွဲအပြီးမှာတော့ မန်စီးတီးအသင်း ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိပြီး ရမှတ် ၃ မှတ်ရယူနိုင်ခဲ့ပါတယ်။

Comments