အရန်အသင်းနဲ့ ပွဲထွက်ကစားခဲ့တဲ့ ရိုဂျို

Marcos Rojo

ယူနိုက်တက်အသင်းနောက်ခံလူ ရိုဂျိုဟာ အသင်းနဲ့ ပြန်လည်ပွဲထွက်နိုင်ရန် နီးစပ် နေပြီဖြစ်ပြီး အရန်အသင်းနဲ့အတူ ပွဲထွက်ကစားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အရန်အသင်းနဲ့ ဘီဘာအို အရန်အသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက် အသက် ၂၃ နှစ်အောက်အသင်းနဲ့အတူ (၄၅) မိနစ် ၀င်ရောက်ကစားသွားခဲ့ပါတယ်။ပြီးခဲ့တဲ့ ဧပြီလက ယူနိုက်တက်အသင်းနဲ့ အန်ဒါလက်ခ်ျအသင်းတို့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဒူးအရွတ်ဒဏ်ရာ ကို ရိုဂျိုရရှိခဲ့ပြီး အဆိုပါ ပွဲစဉ်မှာ တိုက်စစ်မှူး အီဗရာဟီမိုဗစ်လည်း ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။


ရိုဂျိုရဲ့ ပွဲအပြီးပြောစကားတွေက “ ဒဏ်ရာကပြန်လည်ကောင်းမွန်လာပါပြီ။ တခြားဘာပြဿာနာမှ မရှိတော့ပါဘူး။ လေ့ကျင်းရေးအစီအစဉ်တွေနဲ့ ပွဲယှဉ်ပြိုင် ကစားချိန်ကတော့ ဒဏ်ရာအတွက် ကွာဟချက်တွေ ရှိနေဦးမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့မှာ CSKA မော်စကို အသင်းနဲ့ ဥရောပချန်ပီယံလိဂ် ပွဲစဉ်ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး ရိုဂျိုအနေနဲ့ အဆိုပါပွဲစဉ်မှာ အသင်းနဲ့ ပြန်လည်ပွဲထွက်နိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

Comments