အပြောင်းအရွှေ့ ကောလဟာလတွေကို ငြင်းပယ်ခဲ့တဲ့ ဟာနန်ဒက်

Javier Hernandez

ဝက်စ်ဟမ်းတိုက်စစ်မှူး ဟာနန်ဒက်ဟာ အသင်းကို နည်းပြသစ် ဒေးဗစ်မွိုက် စတင် ကိုင်တွယ်ချိန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ထွက်ပေါ်လာတဲ့ အပြောင်း အရွှေ့သတင်းများနဲ့ ပတ်သက်ပြီး ငြင်းပယ်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းမှာ (၂၀၁၃/၁၄) ရာသီက လက်တွဲခဲ့ဖူးသူ နည်းပြတစ်ဦးဖြစ်တဲ့ ဒေးဗစ်မွိုက်နဲ့ ပြန်လည်တွေ့ဆုံနေတာ ဖြစ်ပါတယ်။ ဒေးဗစ်မွိုက် လက်ထပ် ယူနိုက်တက်အသင်းမှာ ၅ပွဲသာ ပွဲထွက်ကစားခွင့် ရရှိခဲ့ပြီး ၀က်စ်ဟမ်း အသင်းကို မွိုက် စတင်ကိုင်တွယ်စဉ်မှာလည်း ဟာနန်ဒက်ရဲ့ ပွဲထွက်ခွင့် နေရာဟာ မသေချာကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းနည်းပြဟောင်း ဘီလစ်လက်ထက်မှာ အသင်းအတွက် ပွဲပေါင်း (၁၁) ပွဲ ပွဲထွက်ကစားခွင့် ရရှိခဲ့ပေမယ့် နည်းပြသစ်အသင်းကို ရောက်ရှိချိန်မှာ ဟာနန်ဒက်ရဲ့ အနာဂတ်ဟာ မတည်မငြိမ်ဖြစ်လာခဲ့ပါပြီ။
ဟာနန်ဒက်ဟာ ၀က်စ်ဟမ်းအသင်းကို မပြောင်းရွှေ့ခင် လေဗာကူဆင်အသင်းမှာ ကစားခဲ့ပြီး အသင်းရဲ့ တိုက်စစ်ပိုင်းကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့သူ ဖြစ်ပြီး လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့မှာ အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့မယ်လို့ မီဒီယာတွေက ဖော်ပြနေပါတယ်။

ထွက်ပေါ်နေတဲ့ သူရဲ့ အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သက်ပြီး “အသင်းပြောင်း မယ့်အသင်းတွေဟာ ၁၀၀ ရာခိုင်နှုန်းမှားယွင်းနေတာပါ။ ၀က်စ်ဟမ်းအသင်းကို အခုထက် ပိုမိုတိုးတက်အောင် စွမ်းဆောင်သွားမှာပါ။ ၀က်ဟမ်းအသင်းနေထွက်ခွာ မှာလားဆိုတဲ့ မေးခွန်းအတွက် မိမိမှာ အဖြေမရှိပါဘူးလို့” သူ့ရဲ့ တွစ်တာ အကောင့်မှာ ဖော်ပြခဲ့ပါတယ်။

Comments