ဒဏ်ရာကြောင့် သောမတ်စ်မူလာ(၃)ပတ်ခန့် နားရမည်

Muller phải ngồi ngoài ít nhất 3 tuần
Thet Htet Lin Thet Htet Lin

<strong>ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး သောမတ်စ်မူလာဟာ ဟမ်းဘတ်အသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ် မှာရရှိခဲ့တဲ့ ပေါင်ကြွက်သားဒဏ်ရာကြောင့် (၃)ပတ်အထိ အနားယူရမှာဖြစ်တယ်လို့ အသင်းက အတည်ပြု ပြောကြားခဲ့ပါတယ်။</strong>

အဆိုပါပွဲစဉ်မှာ အသက် (၂၈) နှစ်အရွယ် သောမတ်စ်မူလာဟာ ဒုတိယပိုင်းစစချင်း ပွဲချိန်(၄၆)မိနစ်မှာပဲ ဂျိမ်းစ် ရိုဒရီဂွတ်စ်အစားလူစားဝင်ခဲ့တာဖြစ်ပြီး တိုလီဆို သွင်းယူပေးခဲ့တဲ့သွင်းဂိုးကို ဖန်တီးပေးခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း သောမတ်စ်မူလာဟာ ပေါင်ကြွက်သားဒဏ်ရာကြောင့် အချိန်အကြာကြီးဆက်မကစားနိုင်ခဲ့ဘဲ ပွဲပြီးဖို့(၁၀)မိနစ်အလိုမှာ သီယာဂိုနဲ့ လူစားလဲခဲ့တာဖြစ်ပါတယ်။

မူလာဟာ တနင်္ဂနွေနေ့မှာတော့ မြူးနစ်မြို့မှာ Magnetic resonance imaging (MRI) နဲ့ စစ်ဆေးမှုတွေအပြီး (၃)ပတ်ခန့်အနားယူရမယ်လို့ အတည်ပြုခဲ့တာ လည်းဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်နည်းပြ ဂျပ်ဟိုင်းနပ်ကတော့အမြန်ဆုံးပြန်လည်သက်သာလာဖို့ မျှော်လင့်နေပါတယ်။

ဒါကြောင့်မူလာအနေနဲ့ DBF Cup အဖြစ် ယှဉ်ပြိုင်ကစားမယ့် RB Leipzigအသင်းနဲ့ပွဲစဉ်အပါအ၀င် ဘွန်ဒက်စ်လီဂါပွဲစဉ်တွေကိုလည်း အသီးသီး လွဲချော်ရမှာဖြစ်သလို ဆဲလ်တစ်အသင်းနဲ့ယှဉ်ပြိုင်ကစား မယ့် ချန်ပီယံလိဂ်ပွဲစဉ်ကိုပါလွဲချော်ရမှာဖြစ်ပါတယ်။ဒါ့အပြင် သောမတ်စ်မူလာအနေနဲ့ နိုဝင်ဘာလ(၄)ရက်နေ့မှာ ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် Der Klassiker ဒါဘီပွဲစဉ်ကိုလည်းလွဲချော်ရမှာဖြစ်ပါတယ်။

Comments