ကမ္ဘောဒီးယားအသင်းနည်းပြအဖြစ်မှ ဗီတိုရီနိုနုတ်ထွက် ..

Vitorino từ chức: NHM Campuchia xứng đáng với những điều tốt đẹp hơn
Thet Htet Lin Thet Htet Lin

ကမ္ဘောဒီးယားပရိသတ်တွေဟာ ဒီထက်ပိုကောင်းတဲ့ ရလဒ်တွေနဲ့ ထိုက်တန်ပါတယ်လို့ ဗီတိုရီနိုကဆိုပါတယ်။
ဘရာဇီးလူမျိုး နည်းပြ လီယိုနာဒို ဗီတိုရီနိုဟာ ကမ္ဘောဒီယားလက်ရွေးစင်အသင်းရဲ့နည်းပြအဖြစ် ပြီးခဲ့တဲ့မတ်လက တာဝန်ယူခဲ့ပြီး ကမ္ဘောဒီယားအသင်းကို ပိုပြီးမြင့်မားတဲ့အဆင့်ရောက်ရှိအောင် ရည်မှန်းချက်ထားခဲ့ပါတယ်။ တာဝန်ယူခဲ့တဲ့ (၇)လအတွင်း ပြိုင်ပွဲအရပ်ရပ်မှာလက်ရွေးစင်ပွဲ(၈)ပွဲကို ကိုင်တွယ်ခဲ့ပြီး နောက်မှာတော့ လက်ရွေးစင်နည်းပြအဖြစ်မှ နုတ်ထွက်ခဲ့ပါတယ်။ ဒါဟာ အရှေ့တောင်အာရှမှာဖြစ်နေကျဖြစ်ရပ်တစ်ခုဖြစ်ပြီး ဆက်ပြီးလည်းဖြစ်နေအုံးမှာပါ။
နုတ်ထွက်ခဲ့ရတဲ့အကြောင်းအရင်းကတော့ ဗီတိုရီနိုမျှော်မှန်းထားတဲ့အတိုင်း အလုပ်မဖြစ်ခဲ့လို့ပါ။ ဘရာဇီးနိုင်ငံသား ဗီတိုရီနိုဟာ ထိုင်း ၊ လာအိုအစရှိတဲ့ ဒေတတွင်းနိုင်တွေရဲ့ ကလပ်အသင်းတွေမှာ အောင်မြင်မှုရရှိခဲ့တဲ့ နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။ FOX Sports Asia ကိုပြောကြားခဲ့ရာမှာတော့ သူ့ရဲ့ နောက်ထပ်ပြသနာတစ်ခုဟာ အသင်းအနေနဲ့ စည်းကမ်းမကောင်းလို့နှုတ်ထွက်ခဲ့တာပါလို့လည်းဆိုပါတယ်။
“ လက်ရွေးစင်အသင်းမှာကစားခွင့်ရတဲ့ကစားသမားဟာ ဂုဏ်ယူနေရမှာပါ။ အခုကတော့ ကစားသမားတွေက လက်ရွေးစင်အသင်းမှာကစားရတဲ့အတွက် သူတို့ကိုယ်သူတို့ စံပြသူရဲကောင်းတွေလိုခံယူထားပြီး အားလပ် ရက်တွေကို လာအသုံးချနေတဲ့ပုံစံဖြစ်နေပါတယ်။ ဒါဟာကမ္ဘောဒီးယားမှာပဲရပါလိမ့်မယ်။ ပွဲမတိုင်ခင် အရက် သောက်ခဲ့တဲ့ ကစားသမားတစ်ချို့ကို ကျွန်တော်ချန်ထားခဲ့တယ်။ ပြီးတော့ ထရိန်နင်ကိုနောက်ကျမှရောက်လာ ပြီး စောဒကတက်တဲ့ကစားသမားတွေ။ သူတို့ အပြင်မှာလျှောက်လည်နေတဲ့ဓာတ်ပုံတွေကို ကျွန်တော် မြင်ပြီးပြီလေ။ ကျွန်တော်ဒီကိုလာခဲ့တာ ရဲတစ်ယောက်လို စုံစမ်းစစ်ဆေးတာတွေလုပ်ဖို့မဟုတ်ဘူး ။ နည်းပြ လုပ်ဖို့ပါ။ ” လို့ ဗီတိုရီနိုကပြောပါတယ်။
ဗီတိုရီနိုအတွက်တော့ ဒါဟာအဓိကပြသနာတော့မဟုတ်ခဲ့ပါဘူး။ အဓိကပြသနာက အသင်းသားတွေက သူ့ရဲ့ ညွှန်ကြားမှုတွေ ၊ ကစားဟန်ပြောင်းလဲမှုတွေကို မလိုက်နိုင်ခဲ့လို့လည်းဖြစ်ပါတယ်။
“ ကစားသမားတွေစည်းကမ်းရှိဖို့ ကျွန်တော်ဖြစ်ချင်ခဲ့တယ်။ ဒါပေမယ့်ဖြစ်မလာဘူး ။ ကျွန်တော်အရေးယူခဲ့ တယ် ။ ဒါပေမယ့် ကျွန်တော်မရှိတော့ရင် ပြန်ဖြစ်တာပဲ။ ကျွန်တော် အထီးကျန်သလိုစပြီးခံစားရလာတယ်။ ဒီလို အကျင့်ဆိုးတွေကို ပြုပြင်ဖို့က တစ်ယောက်တည်းကြိုးစားနေမယ်ဆိုရင် ပြောင်းလဲလို့ရလာမှာမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို မြင်လာတယ်။ အဲဒီတော့ ကျွန်တော်ထွက်တာက ပိုကောင်းပါတယ် ” လို့ ဗီတိုရီနိုကဆိုပါ တယ်။
ဗီတိုရီနိုဟာ သူတာဝန်ယူခဲ့စဉ်မှာ ဒါတွေကိုပြောင်းလဲဖို့ကြိုးစားခဲ့ပေမယ့် ဒါဟာ ကြီးမားတဲ့ ခက်ခဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်။
“ တချို့ကစားသမားတွေကိုချန်ခဲ့ပြီး တစ်ချို့ကစားသမားသစ်တွေကို အသုံးပြုဖို့ကြိုးစားခဲ့တယ်။ သူတို့က ဒီလိုလုပ်လို့မရဘူးလို့ပြောတယ်။ ကမ္ဘောဒီးယားအသင်းအနေနဲ့ ပိုပြီးတိုးတက်ချင်ရင်တော့ ကစားသမားတွေ စည်းကမ်းလိုက်နာဖို့လိုပါတယ်။ သူတို့မှာအရည်အချင်းရှိပြီး တချို့ လူငယ်ကစားသမားတွေဆို တော်တော် ကောင်းပါတယ်။ အကုန်လုံးကို အချိန်တိုအတွင်း ပြောင်းလဲဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ” လို့ ဗီတိုရီနိုက ပြောကြားခဲ့ပါ သေးတယ်။

Futebol Internacional Leonardo Vitorino deixa o selecionado do Camboja O técnico Leonardo Vitorino deixou o comando do selecionado do Camboja, nesta sexta-feira (20 de outubro). Após uma reunião com a diretoria da Federação Cambojana, o brasileiro anunciou o seu desligamento, ocorrida na cidade de Pnum Pen, capital do país. Em sete meses de atuação, já que o trabalho foi iniciado no dia 02 de março deste ano, Vitorino conseguiu resultados importantes, inéditos e históricos, além de deixar um legado positivo para o futebol local. “Agradeço a oportunidade, mas em comum acordo decidimos encerrar o vínculo. Creio que pude contribuir para a evolução do selecionado nacional, do trabalho de formação, com o início de um projeto de busca de talentos, e com o futebol local, através do contato com os treinadores das equipes que jogam a liga”, relatou Vitorino. Radicado no exterior há vários anos, a expectativa do treinador, que realizou trabalhos sólidos e vencedores em diversos países, é permanecer um tempo no Brasil e, quem sabe, comandar alguma equipe nacional. “Retorno ao Brasil no final do mês de outubro. Mas, estou aberto a conversar com equipes que tenham projetos sólidos, sérios e de longo prazo”, explicou Leonardo. Ao longo de sua carreira, Vitorino viveu experiências importantes em diversos países, comandando algumas seleções: Australiana Sub-17, Norte-americana Sub-15 e a principal de Trinidad e Tobago e também do Camboja. Além disso, trabalhou na base do Botafogo-RJ, no time principal do Santos (Angola) e em equipes do Paraná e do Rio de Janeiro. Foi técnico e coordenador da base, além de assistente técnico do principal no Al Gharafa (Qatar); coordenador da base do Al Jaish (Qatar); diretor técnico do Buriram United (Tailândia); e técnico do Lanexang United (Laos), conquistando o título da Liga local e chegando ao vice-campeonato da Toyota Mekong Cup Championship – 2017. #soccer #Cambodia #Football #sport #Esporte #koora #AFC #Aff #asia #asean

A post shared by Leonardo Vitorino (@vitorinoleo) on


ဗီတိုရီနိုဟာ သူ့လက်ထက်မှာ ပြောင်းလဲဖို့ ဖြေးဖြေးချင်းအချိန်ယူခဲ့ပြီး သူ့ကိုယ်သူလုပ်နိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်။ ကမ္ဘာ့အဆင့်(၁၇၀) မှာ ရပ်တည်နေတဲ့အသင်းအနေနဲ့ အများအားဖြင့် ရှုံးပွဲကပိုများ ပါတယ်။ ဗီတိုရီနိုကိုင်တွယ်ခဲ့တဲ့ အတောအတွင်း (၈)ပွဲကိုင်တွယ်ရာမှာ တစ်ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။ ဗီတိုရီနို စတင်ကိုင်တွယ်ခဲ့စဉ်မှာ အခက်အခဲဆုံးပွဲစဉ်ကတော့ (၂၀၁၉) အာရှခြေစစ်ပွဲအဖြစ် ဂျော်ဒန်အသင်းကို အဝေးကွင်း မှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ပွဲပါ။ အဲဒီပွဲမှာ (၇) ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပြီး ဗီတိုရီနိုအတွက် ဒီပွဲကို ပြင်ဆင်ဖို့ အချိန် အနည်းငယ်သာရခဲ့ပါတယ်။ အဲဒီနောက် အသင်းဟာ ဗီယက်နမ် ၊ အင်ဒိုနီးရှားလိုအသင်းတွေကို ရှုံးနိမ့်ခဲ့ပါတယ်(မကြာသေးခင်ကတော့အာရှခြေစစ်ပွဲမှာ ဗီယက်နမ် အသင်းကို (၅) ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်)။ နောက်ထပ် ခြေစစ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အာဖဂန်နစ္စတန်အသင်းနဲ့ပွဲမှာဆိုရင် (၁) ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့ပါသေးတယ်။ ဇူလိုင်လအတွင်းမှာတော့ ၂၀၁၈ AFC ပြိုင်ပွဲ အတွက် ကမ္ဘောဒီးယား ယူ-၂၃ အသင်းကို တာဝန်ယူပေးခဲ့ရပြီး သူကိုင်တွယ်တဲ့အချိန်မှာ တရုတ်အသင်းနဲ့ဂိုးမရှိ သရေရလဒ် ၊ ဖိလစ်ပိုင်အသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရလဒ်တွေ ဆောင်ကျဉ်းပေးနိုင်ခဲ့ပါတယ်။
“ ကျွန်တော်ထင်ပါတယ် ပုံမှန်အဆင့်တစ်ခုနဲ့ ယှဉ်ရင် ကျွန်တော်တို့အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ကမ္ဘောဒီးယားအသင်းရဲ့ သမိုင်းကိုကြည့်ရင် ဒီလိုအသင်းမျိုးတွေကို သရေရလဒ် ၊ အနိုင်ရလဒ်ကစားနိုင်ခဲ့တာ ပထမဆုံးအကြိမ်ဆိုတာမြင်တွေ့ရမှာပါ။ ဒီနှစ်မှာဆိုရင် ကျွန်တော်တို့ အင်အားကြီးအသင်းတွေနဲ့ ကစားခဲ့ရပါ တယ်။ အရင်နှစ်တွေမှာဆို တီမောတို့ ၊ တရုတ်တိုင်ပေလိုအသင်းမျိုးတွေနဲ့သာ ယှဉ်ပြိုင်ခဲ့ရတာပါ။ ”
ပြီးခဲ့တဲ့ မလေးရှားဆီးဂိမ်းစ်မှာတော့ ဗီတိုရီနိုဟာ ယူ-၂၂ အသင်းကိုတာဝန်ယူခဲ့ပြီး ရလဒ်တွေကတော့ စိတ်ပျက်ဖွယ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်အဆိုပါ ပြိုင်ပွဲအတွက် လူစာရင်းမှာ တစ်ဝက်နီးပါးက လူငယ်ကစား သမားတွေပဲဖြစ်ပါတယ်။
“Sin Kakada , Brak Thiva တို့လို ကစားသမားတွေဟာ ၁၇ နှစ် ၊ ၁၈ နှစ်ပဲရှိပါသေးတယ်။ သူတို့ဟာ ဒီပြိုင်ပွဲကနေ အတွေ့အကြုံတွေကို သင်ခန်းစာယူရင်းနဲ့ အနာဂတ်မှာ ဒီထက်ပိုကောင်းတဲ့ ကစားသမားတွေ ဖြစ်လာမှာပါ။” လို့ဆိုပါတယ်။
နည်းပြအနေနဲ့ခဏတာ တာဝန်ယူခဲ့ရပေမယ့်လည်း သူ့ရဲ့ စွမ်းဆောင်နိုင်မှုကတော့ အလား အလာရှိခဲ့ ပါတယ်။ ဗီတိုရီနိုအနေနဲ့တော့ ကမ္ဘောဒီးယားအသင်းပရိသတ်တွေကို ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါဘူး။ ကမ္ဘောဒီးယားအသင်းဟာ အသင်းငယ်တစ်ခုအဖြစ် ရှိနေကောင်းရှိနေနိုင်ပါတယ်။ ဒါပေမယ့်အားပေးမှုများစွာ ရရှိနေတာကြောင့် ယေဘုယျအားဖြင့်တော့ တခြားဘောလုံးအင်အားကြီးနိုင်ငံတွေအတွက်အားကျစရာပါ။ ချစ်ကြည်ရေးခြေစွမ်းပွဲတွေမှာဆိုရင် ပြိုင်ဘက်အသင်းတွေက အရမ်းကြီးဆွဲဆောင်မှုမရှိတာတောင် ဖနွမ်းပင် အိုလံပစ်ကွင်းကြီးကို အနည်းဆုံး ပရိသတ် (၅၀၀၀)လောက် လာရောက်အားပေးပါတယ်။
“ ဒီလိုအံ့သြစရာကောင်းလောက်အောင်လာရောက်အားပေးကြတဲ့ပရိသတ်မျိုး ကျွန်တော်မမြင်ဖူးပါဘူး။ ကျွန်တော့်ရဲ့ အားထုတ်မှုကို သူတို့အမြဲအားပေးတယ်။ ကျွန်တော်ပြောနိုင်တာကတော့ ကျွန်တော့်ဘ၀မှာ ဒီလိုပရိသတ်မျိုး လုံးမ၀မတွေ့ခဲ့ဖူးပါဘူး။ ကျွန်တော် နိုင်ငံတော်တော်များများမှာ ဘောလုံးနဲ့ပတ်သက်ပြီး အလုပ်လုပ်ခဲ့ဖူးပါတယ်။ ကမ္ဘောဒီယားပရိသတ်တွေလို ဘောလုံးအားကစားကိုချစ်မြတ်နိုးတဲ့ ပရိသတ်မျိုးတော့ မမြင်ဖူးသေးပါဘူး။ ဒါဟာဘာနဲ့မှ နှိုင်းယှဉ်လို့မရပါဘူး။ ရှုံးသည်ဖြစ်စေ ၊ နိုင်သည်ဖြစ်စေ သူတို့ဟာအသင်းကို ဆက်လက်အားပေးနေကြမှာပဲ။ သူတို့ဟာ ဒီထက်ပိုကောင်းတဲ့အရာတွေနဲ့ တကယ့်ကိုထိုက်တန်ပါတယ် ။ ” လို့ ဗီတိုရီနိုက ကမ္ဘောဒီးယားပရိသတ်တွေကို ချီးကျူးပြောဆိုပါတယ်။

Comments