နည်းပြလောကကို ၀င်ရောက်ဖို့အတွက် နီးစပ်နေခဲ့ပြီလို့ ဆိုခဲ့တဲ့ လမ်းပတ်

Yan Yan Yan Yan

ချဲလ်ဆီးအသင်း ကစားသမားဟောင်း လမ်းပတ်က ဘောလုံးလောကထဲကို နည်းပြတစ်ဦးအဖြစ် ပြန်လည် ဝင်ရောက်နိုင်ဖို့ နီးစပ်နေခဲ့ပြီလို့ ဆိုပါတယ်။

ချဲလ်ဆီးအသင်းနဲ့အတူ လုပ်ငန်းများ တွဲဖက်လုပ်ကိုင်နေခဲ့တဲ့ လမ်းပတ်ဟာ နည်းပြပြုလုပ်ခွင့် လက်မှတ်ရရှိခဲ့ပြီဖြစ်ပြီး နည်းပြရာထူး လစ်လပ်နေတဲ့ ချန်ပီယံရှစ်ကလပ် အပ်စွစ်တောင်းအသင်းနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေခဲ့ပါတယ်။

စတီဗင် ဂျရတ် ရိန်းဂျားအသင်း နည်းပြဖြစ်လာဖို့အတွက် ရေပန်းစားမှု မြင့်တက်လာခဲ့ပြီးတဲ့နောက်မှာ တခြား အင်္ဂလန်အသင်းဖော်တွေအနေနဲ့လည်း နည်းပြလောကကို ဝင်ရောက်လာဖို့ လမ်းပတ်က မျှော်လင့်နပါတယ်။

“ယခုနှစ် ချဲလ်ဆီးအသင်းနဲ့အတူ ကုန်ဆုံးခဲ့တဲ့ အချိန်တွေမှာ အတွေ့အကြုံပေါင်းများစွာ ရယူနိုင်ခဲ့ပါတယ်။လက်ရှိမှာ နည်းပြပြုလုပ်ဖို့ အသိအမှတ်ပြု လက်မှတ်အတွက် ဆောင်ရွက်နေပါတယ်။”

“နည်းပြပြုလုပ်ဖို့ A လိုင်စင်ကို ရယူထားနိုင်ခဲ့ပြီး ဒီအချိန်က အခွင့်အရေးရယူနိုင်ဖို့ အချိန်ကောင်းပါ။နည်းပြကောင်းတစ်ဦးဖြစ်လာဖို့ ကစားသမားတွေရဲ့ တိုးတက်မှုကို ကူညီပေးရပါမယ်။နည်းစနစ်ပိုင်းကိုလည်း အကောင်းဆုံး ဖြစ်အောင်ထောက်ပံ့ပေးနိုင်မှ ရမှာပါ။”

“ဂျရတ်နဲ့ ပတ်သက်ပြီးပြောရရင် သူဒီအလုပ်မှာ အောင်မြင်နိုင်ပါတယ်။သူနဲ့ရင်းနှီးခဲ့တာ နှစ်ပေါင်းများစွာရှိခဲ့ပြီဖြစ်ပြီး သူကပွဲတစ်ပွဲနဲ့ ပတ်သက်ပြီး တကယ်ကို အလေးအနက်ထားပါတယ်။သူနဲ့ လက်တွဲလုပ်ကိုင်နေပြီး သူရဲ့ပွဲအပေါ်ချဉ်းကပ်မှုတွေနဲ့ အတွေ့အကြုံတွေက တကယ်ကိုပွဲစဉ်ရဲ့ ရသကိုပြောင်းပေးနိုင်ပါတယ်။”

“ဒီရာထူးက သူ့အတွက်အကောင်းဆုံးဖြစ်ပြီး အားလုံးကိုလည်း ဒီရာထူးကို စိတ်ပါဝင်စားလာဖို့ ရှေ့ဆောင်လမ်းပြ ပြုလုပ်ပေးနိုင်ပါတယ်။”

“FAအနေနဲ့ အင်္ဂလန်အသင်းကစားသမားဟောင်းတွေကို နည်းပြပြုလုပ်ဖို့အတွက် ပိုမိုဆောင်ရွက်ပေးနေပါတယ်”

“ကျွန်တော်တို့ဒီမှာ အချိန်တစ်ချို့ကို ကူညီသူနည်းပါးစွာ ဖြတ်သန်းခဲ့ရဖူးပါတယ်။ကစားသမားဘဝကနေအနားယူတဲ့ အချိန်မှာ နည်းပြတစ်ဦးဖြစ်လာဖို့ ကူညီရမယ့်အချိန်လို့ထင်ပါတယ်”လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

လမ်းပတ်ဟာ (၂၀၁၆) ခုနှစ်မှာ ကစားသမား ဘဝကနေအနားယူခဲ့တာဖြစ်ပြီး (၁၉၉၉) ခုနှစ်ကနေ (၂၀၁၄) ခုနှစ်ထိ (၁၅) နှစ်ကြာဖြတ်သန်းခဲ့ပြီး အင်္ဂလန်အသင်းတွက် (၁၀၆) ပွဲ ပွဲထွက်ကစားခဲ့ပါတယ်။

လမ်းပတ်အနေနဲ့ ဂျရတ်ကဲ့သို့ နည်းပြပြုလုပ်ဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပြီး နည်းပြဘဝကိုပြောင်းလဲချိန်မှာ လွယ်ကူမှုရှိဖို့ကတော့ ခက်ခဲနိုင်ပါတယ်။ဆက်လက်ပြီးလမ်းပတ်က ” ဂျရတ်နည်းပြ အဖြစ်လက်ခံလိုက်မယ်ဆိုရင် အားလုံးက သူ့မှာအတွေ့အကြုံမရှိဘူးလို့ပြောဆိုကြပါလိမ့်မယ်။ သူဖြတ်သန်းတဲ့နေရာတွေကနေ အတွေ့အကြုံတွေရရှိလာမှာပါ။ဒီရာသီ ချဲလ်ဆီးအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာနေ့တိုင်းသင်ယူနေပါတယ်။ဂျရတ် နည်းပြပြုလုပ်နေတဲ့ လီဗာပူးလ်အကယ်ဒမီက တကယ်ကို ကောင်းမွန်တာပါ” လို့လမ်းပတ်ကထပ်မံပြောကြားခဲ့ပါတယ်။

Comments