အာဆင်နယ်အသင်းရဲ့အဝေးကွင်းရလဒ်ဟာစိတ်ပျက်စရာကောင်းကြောင်းအာဆင်ဝင်းဂါးပြောကြား

Thet Htet Lin Thet Htet Lin

အာဆင်နယ်အသင်းရဲ့နည်းပြ အာဆင်ဝင်းဂါးက သူတို့အသင်းရဲ့ အဝေးကွင်း ရလဒ်တွေဟာ စိတ်ပျက်စရာကောင်းကြောင်း နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်အပြီးမှာ ပြောကြားခဲ့ပါတယ်။

ပွဲအစ (၁၄) မိနစ်မှာပဲ လာကာဇက်တီက အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့သလို ဂိုးသွင်းခွင့်အခွင့်အရေးတွေလည်းရရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း ပီရက်ဇ်နဲ့ မတ်ရစ်ချီတို့က နယူးကာဆယ်အသင်းအတွက် ဂိုးတွေပြန်လည်သွင်းယူ ပေးခဲ့ပြီး ပွဲပြီးဆုံးချိန်မှာ အာဆင်နယ်အသင်း အဝေးကွင်း ရှုံးပွဲ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့် (၆)နေရာမှာ ရပ်တည်နေပေမယ့် လည်း အဆင့် (၇)နေရာမှ ဘန်လေအသင်းနဲ့ (၂)မှတ်သာ ကွာဟပါတော့တယ်။

“ ဒါဟာ အဝေးကွင်း ရလဒ်နဲ့ ပတ်သက်ရင် ဒီရာသီမှာ ပြောစမှတ်တစ်ခုဖြစ်သွားပါပြီ။ ကျွန်တော်တို့ (၁)ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တယ်။ ဒါပေမယ့် ဒီရလဒ်ကို ဆက်မထိန်းနိုင်ခဲ့ဘဲ ခံစစ်မှာ အမှားတွေ လုပ်မိခဲ့တယ်။ ” လို့ အာဆင်ဝင်းဂါးက ပြောပါတယ်။

“ ဒီနေ့အရှုံးရလဒ်က စိတ်ပျက်စရာပါ။ ဘာလို့လဲဆိုတော့ အခွင့်အရေးတွေရပါလျက်နဲ့ (၂)ဂိုး (၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်။ ဒါကို ကျွန်တော်တို့ ဘယ်လိုခေါင်းစဉ်တပ်ရမလဲ။ ထပ်တူညီတဲ့ အမှားတွေ ကို ထပ်လုပ်မိတာမျိုးမဟုတ်ဘဲ ရလဒ်က စိတ်ပျက်ဖို့ကောင်းနေတာပါ။ အရင်ကဆိုရင် ကျွန်တော်တို့က အဝေးကွင်းရလဒ်ကောင်းပါတယ်။ ”

“ ကြာသပတေးနေ့ညက စီအက်စ်ကေအေမော်စကို အသင်းနဲ့ပွဲမှာဆိုရင် ကျွန်တော်တို့ အကောင်း ဆုံး ကစားခဲ့တယ်။ အဲဒီပွဲစဉ်မှာ အကောင်းဆုံးကစားခဲ့တယ်ဆိုတာ အားလုံးလည်းမြင်ပါတယ်။ ” လို့ အာဆင်ဝင်းဂါးကပြောကြားခဲ့ပါတယ်။

Comments