ရိုင်ယန်မေဆင်ကိုအသင်းမှာကစားဖို့အလိုရှိနေတဲ့ပိုချက်တီနို

Thet Htet Lin Thet Htet Lin

စပါးစ်အသင်းရဲ့နည်းပြပိုချက်တီနိုက အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်းဖြစ်သူ ရိုင်ယန် မေဆင်ကို အသင်းမှာပြန်လည်ကစား ဖို့အလိုရှိနေပါတယ်။

ဟားလ်စီးတီးအသင်းရဲ့ကစားသမားတစ်ဦးလည်းဖြစ်တဲ့ ရိုင်ယန်မေဆင်ဟာ အင်္ဂလန်ရဲ့ အသင်း တချို့ မှာ အငှားကစားသမားအနေနဲ့ ကစားခဲ့ဘူးပြီး ၂၀၁၇ ဇန်န၀ါရီလက ချယ်ဆီး အသင်းနဲ့ပွဲစဉ် မှာ ဦးခေါင်းဒဏ်ရာ ရရှိ ခဲ့တာလည်းဖြစ်ပါတယ်။

ရိုင်ယန်မေဆင်အနေနဲ့ ရာနှုန်းပြည်ကြံ့ခိုင်မှုပြန်လည်ရရှိဖို့ ကြိုးစားခဲ့ပေမယ့်လည်း သူ့ရဲ့ကျန်းမာရေး အခြေအနေအရ ကစားသမားဘ၀မှ အနားယူဖို့ဖြစ် လာခဲ့ပါတယ်။

နည်းပြပိုချက်တီနိုကတော့ ရိုင်ယန်မေဆင်ကို အသင်းမှာကစားဖို့ပြန်လည်ခေါ်ယူချင်တဲ့ အကြောင်း ကို ပြောကြားခဲ့ပါတယ်။
စပါးစ်အသင်းနည်းပြပိုချက်တီနိုကပြောကြားရာမှာ – “ မေဆင် အသင်းကို ပြန်လည်ရောက်ရှိခဲ့တဲ့ နေ့ကို မှတ်မိပါသေးတယ်။ ခေါင်းကြီးငိုက်စိုက်ကျပြီး စိတ်ပျက်သလိုပုံစံနဲ့ပါ။ သူကဘယ်သူလဲလို့ ပီရက်ဇ်ကို ကျွန်တော် မေးခဲ့ပါတယ်။ သူက ပြီးခဲ့တဲ့ (၅)နှစ်လုံးလုံး အငှားကစားသမားဘ၀နဲ့ အပြင် ထွက်ကစားခဲ့ပြီး ဒဏ်ရာပြသနာတွေနဲ့ လုံးပမ်းခဲ့ရတဲ့ကစားသမားလို့ သူက ပြန်ဖြေပါတယ်။ သူ့အတွက်အစပိုင်းမှာ ရုန်းကန်ခဲ့ရပြီး ထရိန်နင်မှာလည်း အခက်အခဲတွေရှိခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့USA ကိုသွားတဲ့ချိန် သူ့ကို လေဆိပ်မှာတွေ့တယ်။ ကျွန်တော်တို့ မိနစ်(၃၀)လောက် စကားပြောဖြစ်ခဲ့ကြတယ်။ သူကောင်းကောင်း ကစားနိုင်လား မကစားနိုင်လား ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ကျွန်တော်သူ့ကို ကစားသမားတစ်ဦးအနေနဲ့ နှစ်သက်ပါတယ်။ ပြီးတော့ Seattle အသင်း နဲ့ ကစားတဲ့ပွဲစဉ်မှာ သူအားလုံးကိုသဘောပေါက်ခဲ့ပါတယ်။ ထရိန်နင် တစ်ခု ၊ နှစ်ခု လောက်ဆင်းပြီး တဲ့အချိန်မှာ သူအရာရာကို နားလည်ခဲ့တယ်။ လှုပ်ရှားမှု ၊ သဘောတရား စသဖြင့်ပေါ့။ ပြီးတော့ သူက ကျွန်တော်တို့အတွက် ကစားသမားကောင်းတစ်ဦးဆိုတာကို ကျွန်တော်ပြောခဲ့ပါ တယ်။ ကျွန်တော့် အတွက် တစ်ခုခုလုပ်ပြနိုင်မယ့်ကစားသမားမျိုးပါ။ ဘာလို့လဲဆိုတော့ သူ စပါးစ် အသင်းကို ရောက်ရှိခဲ့တဲ့ ပြောင်းလဲ မှုမှာ အများကြီးကိုယ်စားပြုလာပါတယ်။ သေချာပါတယ် သူက အောင်မြင်မှုရမယ့်ကစားသမားပါ။ ဘောလုံးအားကစားမှာ အောင်မြင်ပြီး ဘာမဆိုသူလုပ်နိုင်ပါတယ်။ အသက်(၂၆) ပဲရှိသေးပေမယ့် ဘောလုံးနဲ့ပတ်သက်ရင် ဖြတ်ထိုးဥာဏ်ရှိတဲ့ကစားသမားမျိုးပါ။ သူ့အတွက် ကျွန်တော်အပါအ၀င် နည်းပြ ၊ ကစားသမားတွေအားလုံး တံခါးဖွင့်ထားပါတယ်။ သူ့ကို ရော သူ့မိသားစုကိုပါ ကျွန်တော်တို့ချစ်လို့ပါ။ ပြီးခဲ့တဲ့ရက်အနည်းငယ်က သူထရိန်နင်မှာရှိခဲ့တယ်။ ကျွန်တော်တို့နဲ့လည်း စကားတွေအများကြီးပြောဖြစ်ခဲ့ပါတယ်။ ” လို့ ဆိုပါတယ်။

Comments