ပေါ်တိုအသင်းအတွက်ခက်ခဲစေမှာဖြစ်ကြောင်းဖာမီနိုပြောကြား

Thet Htet Lin Thet Htet Lin

မနက်ဖြန်မနက်အစောပိုင်းမှာ ပေါ်တိုအသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ ချန်ပီယံလိဂ် (၁၆)သင်း အဆင့်ရှုံးထွက်ပထမအကျော့ပွဲစဉ် အဖြစ်ကစား ရတော့မှာဖြစ်ပါတယ်။ လီဗာပူးလ်တိုက်စစ်မှူးဖာမီနို ကတော့ လီဗာပူးလ်အသင်းအနေနဲ့ ပေါ်တိုအသင်းကို ခက်ခဲစေမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

အဆိုပါပွဲစဉ်ကို လီဗာပူးလ်အသင်းဟာ အဝေးကွင်းပွဲစဉ်အနေနဲ့ သွားရောက်ကစားရမှာဖြစ်ပြီး ဖာမီနို ကတော့ အိမ်ရှင်အသင်းနဲ့ရင်ဆိုင်ဖို့ ယုံကြည်မှုအပြည့်ရှိကြောင်းဆိုပါတယ်။

ဖာမီနိုကပြောကြားရာမှာ – “ ကျွန်တော် အသင်းအတွက်လုပ်ပေးနိုင်တာကို လုပ်ပေးသွားမှာပါ။ ဆာလက်ကို ဂိုးသွင်းခွင့်တွေရဖို့ဖန်တီးပေးမှာဖြစ်သလို အသင်းဖော်အားလုံးကိုလည်း ကူညီကစား ပေးသွားမှာပါ။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း ဒီရာသီမှာခြေစွမ်းပြနိုင်ဖို့ ကြိုးစားသွားမှာပါ။ ပေါ်တို အသင်းကတော့ ကျွန်တော်တို့နဲ့ ကစားရမယ့်အပေါ် စိုးရိမ်နေလား မသိရပေမယ့်လည်း သေချာ တာ ကတော့ ကျွန်တော်တို့နဲ့ကစားရတာ သူတို့အတွက် ခက်ခဲစေမှာပါ။ ” လို့ဆိုပါတယ်။

လီဗာပူးလ်အသင်းဟာ ဇန်န၀ါရီလတုန်းက ကော်တင်ဟိုအသင်းက မထွက်ခွာခင် ညှိနှိုင်းဆွေးနွေးတာ မျိုးတွေလုပ်ခဲ့ပါသေးတယ်။

ကော်တင်ဟိုထွက်ခွာခဲ့စဉ်မှာလည်း အသင်းသားတွေအနေနဲ့ သူတို့ရဲ့ တာဝန်ကိုအကောင်းဆုံးလုပ်ဆောင်ပြီး ခြေစွမ်းပြကစားနိုင်ခဲ့တယ်လို့ ဖာမီနိုကဆိုပါတယ်။
“ ကော်တင်ဟိုက တကယ်ပဲ ခြေစွမ်းကောင်းမွန်တဲ့ကစားသမားတစ်ဦးပါ။ သူ အသင်းကနေထွက်ခွာ တဲ့အချိန်မှာ သူမရှိဘဲ ကျန်တဲ့ကစားသမားတွေ အကောင်းဆုံးကစားဖို့ ဖြစ်စေခဲ့ပါတယ်။ ဒါက ကျွန်တော်တို့အတွက် ပိုပြီးထမ်းဆောင်ရမယ့် တာဝန်တစ်ခုပါ။ လတ်တလောရလဒ်တွေအရတော့ ကျွန်တော်တို့ ဒီတာဝန်ကို ကျေပွန်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်။” လို့ ဖာမီနိုကဆက်လက်ပြောကြား ခဲ့ပါတယ်။

Comments