အာဆင်ဝင်းဂါးခေါ်ယူဖို့ကြိုးစားပြီးမှလက်လွှတ်ခဲ့ရသည့်ပွဲထွက်(၁၁)ဦးစာကစားသမားများ

Thet Htet Lin Thet Htet Lin

အာဆင်ဝင်းဂါးရဲ့ အာဆင်နယ်အသင်းနဲ့ လက်တွဲခဲ့မှု ခရီးတစ်ခုဟာ ပရီးမီးယားလိဂ်ဖလား (၃)ကြိမ်၊ အက်ဖ်အေဖလား (၇)ကြိမ်နဲ့ အတူ အဆုံးသတ်ခဲ့ပြီဖြစ်ပါတယ်။

အာဆင်ဝင်းဂါးရဲ့လက်ထက်မှာ အသင်းကို ခေါ်ယူဖို့ ကြိုးစားခဲ့ပြီးမှ မအောင်မြင်ခဲ့တဲ့ ကစားသမား တွေလည်း ရှိခဲ့ပါတယ်။

အာဆင်ဝင်းဂါးဟာ ရွက်ပုန်းသီးကစားသမားလေးတွေကို ခေါ်ယူမြေတောင်မြှောက်ပေးရာမှာ နာမည် ကျော်တဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။ သီယာရီအွန်နရီ ၊ ဗီအဲရာ ၊ အနယ်လ်ကာ အစရှိတဲ့ ကစားသမား တွေက သက်သေပါ။

ဒါပေမယ့်လည်း တခြားတစ်ဖက်မှာတော့ ကစားသမားတွေအတွက်လွတ်လပ်စွာငွေကြေးသုံးစွဲမှုကို လည်း သူတောင့်တခဲ့ပြန်ပါတယ်။ အာဆင်ဝင်းဂါးအနေနဲ့ ဘယ်လိုစူပါစတား ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားခဲ့ဘူးလဲ ပရိသတ်တွေ သိချင်နေကြမှာပါ။

အာဆင်ဝင်းဂါးခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ ပွဲထွက် (၁၁)ဦး စာရှိတဲ့ ကစားသမားတွေကို ကြည့်ရအောင် ပါ။

ဘူဖွန် ( GK )

ဘူဖွန်လို ကစားသမားမျိုးကို ဂျူဗင်တပ်စ်ဂျာစီကလွဲပြီး တခြားအသင်းဂျာစီနဲ့ တွဲမြင်ဖို့ဆိုတာ ခက်ခဲပါ တယ်။ တစ်ချိန်က ဘူဖွန်အနေနဲ့လည်း လန်ဒန်ကလပ် အာဆင်နယ်ကို ပြောင်းဖို့ စဉ်းစားဖူးတဲ့ အချိန်တွေရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း ဂျူဗင်တပ်စ်အသင်းဟာ ဘူဖွန်ကို အသင်းမှာ ဆက်ထိန်းထားဖို့ ဆုံးဖြတ်ခဲ့ ပြီး နောက်ဆုံးမှာ အာဆင်ဝင်းဂါးဟာ ဂျန်းစ်လေမန်းကိုသာ ခေါ်ယူခဲ့ပါတယ်။

ဂျရတ်ပီကေး ( CD )

တကယ်လို့သာ အာဆင်ဝင်းဂါးအနေနဲ့ ဘာစီလိုနာနောက်ခံလူ ဂျရတ်ပီကေးကို မန်ချက်စတာယူနိုက်တက် အသင်းထက် လက်ဦးမှုရယူကာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဘာတွေပြောင်း လဲနိုင်မလဲ စဉ်းစားစရာတွေအများကြီးပါ။

နောက်ဆုံးမှာတော့ အာဆင်ဝင်းဂါးဟာ လန်ဒန်မြို့ခံပြိုင်ဘက် စပါးစ်အသင်းရဲ့ နောက်ခံကစားသမား ဆိုးလ်ကမ်းဘဲလ်ကိုသာ ခေါ်ယူခွင့်ရရှိခဲ့ပါတယ်။

ဗင်းဆင့်ကွန်ပနီ ( CD )

တကယ်လို့သာ အာဆင်ဝင်းဂါးအနေနဲ့ တစ်ချိန်က အန်ဒါလတ်ခ်ျအသင်း တောင်းဆိုတဲ့ ဈေးအတိုင်း ပေါင်(၅)သန်းလောက် ပိုပေးခဲ့မယ်ဆိုရင် ကွန်ပနီကို မန်ချက်စတာစီးတီးအသင်း အစား အာဆင်နယ်မှာ မြင်တွေ့လိုက်ရမှာပါ။

အဲဒီအစား အာဆင်ဝင်းဂါးဟာ ကိုလိုတိုရေးကိုသာ အသင်းကိုခေါ်ယူခဲ့ပါတယ်။

ရော်ဘတ်တိုကားလို့စ် ( CD )

တစ်ချိန်က ရီးယဲလ်မက်ဒရစ်ဘယ်နောက်ခံလူ ရော်ဘတ်တိုကားလို့စ်ဟာ စာချုပ်သက်တမ်း ကုန်ခါနီး မှာ အာဆင်နယ်အသင်းကိုရောက်ဖို့ နီးစပ်ခဲ့ပါသေးတယ်။
ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ ကားလို့စ် ဖီနာဘီဂျီအသင်းဆီ ပြောင်းရွှေ့သွားတာကိုသာ မြင်တွေ့ခဲ့ရပါတယ်။

အဲဒီအစား အာဆင်ဝင်းဂါးဟာ အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ (၂)ကြိမ် ၊ အက်ဖ်အေဖလား (၃) ကြိမ်ရရှိခဲ့တဲ့ အက်ရှ်လေကိုးလ်ကိုသာ ခေါ်ယူနိုင်ခဲ့ပါတယ်။

စီရော်နယ်ဒို ( RW )

ဂန္တဝင်နည်းပြကြီးဖာဂူဆန်ရဲ့သမိုင်းတစ်လျှောက်မှာ အာဆင်ဝင်းဂါးအပေါ် အမြဲ အနိုင်ရနေမယ့် ဖြစ်ရပ် တစ်ခုကတော့ စီရော်နယ်ဒိုကို အသင်းဆီခေါ်ယူခွင့်ရခြင်းပါ။ အဲဒီထက် နာကျင်စရာကောင်း တဲ့ ဆုံးရှုံးမှုမျိုး အာဆင်ဝင်းဂါးမှာ မရှိပါဘူး။

“ ကျွန်တော့်အတွက် အကြီးဆုံးနောင်တက စီရော်နယ်ဒိုကိုခေါ်ယူခွင့်ရမလိုဖြစ်ခဲ့ပြီးမှ လက်လွှတ်ခဲ့ ရခြင်းပါ။ သူမန်ယူအသင်းနဲ့ပဲ လက်မှတ်ထိုးခဲ့တယ်။ ဒီနေ့အထိ တွေးမိတိုင်း ခံစားနေရဆဲပါ။ ” လို့ တစ်ချိန်က အာဆင်ဝင်းဂါးကပြောခဲ့ဘူးပါတယ်။

ထိုစဉ်က အာဆင်ဝင်းဂါးဟာ စပို့တင်းလစ္စဘွန်းအသင်းထံ ပေါင် (၄)သန်းနဲ့ကမ်းလှမ်းခဲ့တာဖြစ်ပြီး အသင်းရဲ့ ကျောနံပါတ် (၇) ကိုပင် ပေးဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် စပို့တင်းလစ္စဘွန်းအသင်းဟာ မန်ယူအသင်းနဲ့ ရာသီကြိုခြေစမ်းပွဲကစားအပြီး အာဆင်ဝင်း ဂါးအတွက် သမိုင်းတွင်တဲ့ နောင်တရရှိခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာ ( CM )

အဲဒီနောက် အာဆင်ဝင်းဂါးဟာ အာဆင်ဝင်းဂါးကို ပြန်ကလဲ့စားချေဖို့အတွက် ၂၀၁၂ မှာ ပေါ့ဘာကို ခေါ်ယူဖို့ စီစဉ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဂျူဗင်တပ်စ်အသင်းဟာ ပေါ့ဘာကို အလျင်အမြန်ပဲ ခေါ်ယူစာချုပ်ခဲ့တာကြောင့် အာဆင်ဝင်းဂါးတစ်ယောက် ကျန်ရစ်ဖြစ်ခဲ့ရပါတယ်။

တခြားတစ်ဖက်မှာတော့ အာဆင်ဝင်းဂါးဟာ ယနေ့ထိ ဒဏ်ရာတွေနဲ့လုံးပမ်းနေရတဲ့ ကာဇိုလာကို သာ ခေါ်ယူခဲ့ပါတယ။်

ဇာဗီအလွန်ဆို ( DM )

အာဆင်ဝင်းဂါးဟာ ဇာဗီအလွန်ဆိုကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ပေါင် (၁၅)သန်းနဲ့ ကမ်းလှမ်းခဲ့ဘူးပါတယ်။

ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ အာဆင်ဝင်းဂါးဟာ အာတီတာကိုသာခေါ်ယူခဲ့ပြီး အလွန်ဆို ဟာလည်း ရီးယဲလ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။

လီယွန်နယ်မက်ဆီ ( CAM )

တကယ်လို့ Sky Sports ရဲ့ အားကစားသုံးသပ်သူ Gillem Balague ကို မေးမြန်းကြည့်မယ်ဆိုရင် အာဆင်ဝင်းဂါးဟာ ဘာစီလိုနာရဲ့ နာမည်ကျော် လာမာဆီယာ အကယ်ဒမီမှ အသက် (၁၅) နှစ်အရွယ် ကောင်လေးတွေဖြစ်တဲ့ ဖာဘရီဂတ်စ် ၊ ပီကေး ၊ မက်ဆီတို့ကို တစ်ချိန်က ကမ်းလှမ်းခဲ့ဘူးတယ်ဆိုတာ ပြန်ပြောပြမှာပါ။

“ တစ်ချိန်က ဖာဘရီဂတ်စ်အသင်းကိုရောက်လာခဲ့တယ်။ ကျွန်တော်က ဖာဘရီဂတ်စ် ၊ ပီကေး ၊ မက်ဆီ (၃)ယောက်လုံးကို ခေါ်ချင်တာ။ ဒါပေမယ့် ဖာဘရီဂတ်စ်တစ်ယောက်ပဲ အသင်းကို ရောက်လာခဲ့တယ်။ ” လို့ အာဆင်ဝင်းဂါးကဆိုပါတယ်။

ဂါရက်ဘေးလ် ( LW )

အာဆင်ဝင်းဂါးဟာ ဆောက်သင်မ်တန်အသင်းထံမှ သီယိုဝဲလ်ကော့တ် ကိုခေါ်ယူအပြီးမှာပဲ နောက်ထပ် ဆောက်သင်မ်တန်ကစားသမားတစ်ဦးဖြစ်တဲ့ ဂါရက်ဘေးလ်ကို ထပ်မံကြိုးစားခဲ့ပါတယ်။

ဒါပေမယ့်လည်း left-back နှစ်ယောက် ရှိပြီးသားဖြစ်တဲ့ အာဆင်နယ်အသင်းအတွက် အာဆင်ဝင်းဂါး ဟာ ထိုစဉ်က full-back အနေနဲ့ရော တောင်ပံအနေနဲ့ပါ ကစားနိုင်တဲ့ ဂါရက်ဘေးလ်ကို လက်လွှတ်ဖို့ စဉ်းစားခဲ့ပါတယ်။

“ ကျွန်တော်တို့မှာ အက်ရှ်လေကိုးလ် ၊ ကလစ်ချီ တို့ရှိပြီးသားမို့လို့ နောက်ထပ် ကစားသမား တစ်ယောက်ကို မလိုချင်ခဲ့ဘူး။ ကျွန်တော်မှားတယ်ဆိုတာဝန်ခံပါတယ်။ သူက ကွင်းလယ်လည်း ကစားနိုင်တာပဲလေ။ စပါးစ်အသင်းစရောက်တော့ သူ ရုန်းကန်ရတယ်။ ပြီးတော့ သူ့ကို ကွင်းလယ်ကို ပို့လိုက်တယ်။ ပြီးတော့ သူအကောင်းဆုံးလုပ်နိုင်တယ်။ တစ်ခါတစ်လေ ကစားသမားတစ်ယောက်ရဲ့ အောင်မြင်မှုဟာ သူကစားတဲ့နေရာအပေါ်လည်းမူတည်ပါတယ်။ ” လို့ အာဆင်ဝင်းဂါးက ဆိုပါတယ်။

အီဗရာဟီမိုဗစ် ( FC )

အီဗရာဟီမိုဗစ် Malmo အသင်းမှာကစားစဉ် အသက် (၁၉)နှစ်အရွယ်မှာ ပေါင်(၃)သန်းနဲ့ အာဆင်နယ်အသင်းကို ရောက်ရှိဖို့နီးစပ်ခဲ့ဘူးပါတယ်။

အာဆင်ဝင်းဂါးဟာ အီဗရာဟီမိုဗစ်ကို အသင်းမှာ စမ်းသပ်ကစားဖို့ ပြောကြားတာမျိုးတွေရှိ ခဲ့ပြီး နောက်ဆုံးမှာတော့ အပြောင်းအရွှေ့ဟာ ဖြစ်မလာခဲ့ပါဘူး။

လူကာကူ ( FC )

လူကာကူဟာ ချယ်ဆီးအသင်းကို မရောက်ခင် ၂၀၁၁ မှာ အန်ဒါလတ်ခ်ျအသင်းမှာ ကစားခဲ့ပါ တယ်။

“ ဘယ်လ်ဂျီယံမှာတည်းက လူကာကူရဲ့ခြေစွမ်းကို ကျွန်တော်တို့သိခဲ့ပါတယ်။ ဒါပေမယ့် သူက ချယ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပါတယ်။ ” လို့ အာဆင်ဝင်းဂါးက ပြောပါတယ်။

တွေးစရာကတော့ မော်ရင်ဟိုဟာ လူကာကူကို လက်လွှတ်မခံဘူးဆိုတာပါပဲ။

Comments