ပရိသတ်တွေစိတ်ဝင်စားနေတဲ့အာဆင်နယ်အသင်းရဲ့နည်းပြသစ်နေရာ

Thet Htet Lin Thet Htet Lin

အာဆင်ဝင်းဂါးဟာ (၂၂)နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ အာဆင်နယ်အသင်းမှ ထွက်ခွာခဲ့ပြီးနောက်မှာ ပဲ အသင်းတာဝန်ရှိသူတွေကလည်း နောက်ထပ်နည်းပြသစ်တစ်ဦးကို ရှာဖွေလျက်ရှိပါတယ်။

တစ်ချိန်က မန်ချက်စတာယူနိုက်တက်အသင်း ဒေးဗစ်မိုယက်စ်ကို ချက်ချင်းအစားထိုးလိုက်သလို လုပ်ဖို့ က အာဆင်နယ်အသင်းအတွက် မလွယ်ကူပါဘူး။ ဒါကြောင့် အာဆင်ဝင်းဂါးတည်ဆောက်ခဲ့ တဲ့ လမ်းကြောင်းတစ်ခုအတိုင်း တည်ဆောက်ဖို့ နည်းပြတစ်ဦးရှာဖွေတာဟာ အာဆင်နယ်အသင်း အတွက်တော့ မလွယ်ကူလှပါဘူး။
အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်လာနိုင်ဖွယ်ရှိသူတချို့ကို Fox Sports Asia မှ စုစည်းပေးထားပါ တယ်။

ကာလိုအန်ဆယ်လော့တီ

အန်ဆယ်လော့တီကတော့ ကစားသမားအဖြစ်နဲ့ရော နည်းပြအဖြစ်နဲ့ပါ ဥရောပနဲ့ ပြည်တွင်း ဘောလုံးလောကတွေမှာ နာမည်ကျော်ခဲ့သူဖြစ်ပါတယ်။ သူကိုင်တွယ်သမျှ ကလပ်အသင်းတိုင်းမှာ အန်ဆယ်လော့တီဟာ အောင်မြင်မှုရယူပေးတဲ့သူဖြစ်ပါတယ်။ ပြီးခဲတဲ့နှစ်က စိတ်ပျက်ဖွယ်ရလဒ်များနဲ့ ဘိုင်ယန်မြူးနစ်အသင်းမှ ထွက်ခွာခဲ့ရပေမယ့်လည်း ထိပ်တန်းနည်းပြတစ် ဦးအနေနဲ့ရှိနေဆဲဖြစ်ပြီး သူ့ကိုခေါ်ချင်တဲ့အသင်းတွေ အများအပြားရှိနေဆဲပါ။ ဒါ့အပြင် အန်ဆယ်လော့တီဟာ လန်ဒန်မှာ အိမ်တစ်လုံးပိုင်ဆိုင်ထားပြီးဖြစ်တာကြောင့် ဒီအလုပ်ကိုလက်ခံတာ ပျော်ရွှင်စရာဖြစ်လာမှာပါ။

အာဆင်နယ်အသင်းရဲ့ ပုံရိပ်တစ်ခုကို ထိန်းကျောင်းဖို့ အန်ဆယ်လော့တီဟာ လုပ်နိုင်စွမ်းအရရော အတွေ့အကြုံအရပါ သံသယဖြစ်စရာ မလိုပါဘူး။ ဒါပေမယ့်လည်း ပရိသတ်တွေကတော့ အသင်းနဲ့ ပိုပြီး အကျွမ်းဝင်တဲ့နည်းပြတစ်ဦးကိုသာ အလိုရှိကြောင်းဖော်ပြနေကြပါတယ်။ ဒါကြောင့် သူ့ကို ခန့် အပ်မယ်ဆိုရင် ပရိသတ်တွေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး မျက်နှာပြောင်တိုက်ရာကျမှာပါ။ အာဆင်နယ် အသင်းတာဝန်ရှိသူတွေအနေနဲ့ နည်းပြနေရာ ခဏခဏ အပြောင်းအလဲလုပ်တာထက် ပရိသတ်တွေရဲ့ အကြိုက်ကို ဆန့်ကျင်ပြီး အန်ဆယ်လော့တီကို ခန့်အပ်မှာလား ဆိုတာကတော့ ?

အယ်လီဂရီ

နောက်ထပ် သံသယမရှိစရာနည်းပြကတော့ အယ်လီဂရီပါ။ အယ်လီဂရီဟာ စီးရီးအေချန်ပီယံဆုကို အေစီမီလန်အသင်းနဲ့ တစ်ကြိမ်ရယူနိုင်ခဲ့သလို ဂျူဗင်တပ်စ်အသင်းနဲ့ (၄)ကြိမ် ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂျူဗင်တပ်စ်အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ (၂)ကြိမ်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အယ်လီဂရီဟာ အီတလီမှာရယူခဲ့တဲ့အောင်မြင်မှုမျိုးကို ပရီးမီးယားလိဂ်မှာလည်း စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ အာမခံနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေကတော့ အယ်လီဂရီကို တစ်ကြိမ်တစ်ခါတော့ ကြိုးစားစေချင်နေကြပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ်အသင်းက အယ်လီဂရီကို မထွက်ခွာစေချင်တာကြောင့် သူ့အနေနဲ့ အင်္ဂလန်ကို လာချင်ပါ့မလားဆိုတာက စဉ်းစားစရာတစ်ခုပါ။

အယ်လီဂရီကတော့ အထုတ်မခံရမချင်း ဂျူဗင်တပ်စ်အသင်းကို မစွန့်ခွာဘူးလို့ ပြောကြားထားတာ တွေရှိပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းက သူ့ကိုမျှော်လင့်နေခြင်းဟာ လမ်းကြောင်းလွဲနေတယ် လို့တော့ ပြောလို့ရပါတယ်။

ပက်ထရစ်ဗီအဲရာ

ဗီအဲရာဟာ အာဆင်ဝင်းဂါးလက်အောက်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆု ရခဲ့ဘူးတဲ့ ကစားသမား ဟောင်းတစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ လေးစားမှုကို ရရှိထားကာ မကြာသေးခင်ကပဲ နည်းပြသစ်ဖြစ် လာဖို့ရေပန်းအစားဆုံးဖြစ်ခဲ့ပါတယ်။ တစ်ချိန်က သူစွမ်းဆောင်ခဲ့တဲ့ အစဉ်အလာကောင်းတွေ အပေါ် မူတည်ပြီး ပရိသတ်တွေက သည်းခံမှုတစ်ခု ပြဖွယ်ရှိနေပါတယ်။ ဒါကြောင့်အသင်းတာဝန်ရှိသူတွေ အနေနဲ့ ဒါတွေကို ထည့်သွင်းစဉ်းစားပေးရမှာပါ။ ဒါ့အပြင် မေဂျာလိဂ်ကလပ် နယူးယောက်စီးတီး အသင်းကို အကောင်းဆုံး စွမ်းဆောင်ပေးခဲ့မှုတွေဟာ သူရဲ့ နည်းပြအစ အောင်မြင်မှုလို့ ပြောလို့ရ ပြီး ပိုကြီးမားတဲ့ စိန်ခေါ်မှုတွေအတွက် အသင့်ဖြစ်နေပါပြီ။

ဗီအဲရာအတွက် အခြေအနေကောင်းနေတာတစ်ခုကတော့ ပရိသတ်တွေရဲ့ အားပေးထောက်ခံမှု အပြည့် ရရှိထားခြင်းပါ။ ဒါပေမယ့်လည်း အာဆင်နယ်လိုအသင်းမျိုးရဲ့ နည်းပြအဖြစ် ရုတ်တရက် တာဝန်ယူဖို့ဆိုတာက အသင်းတာဝန်ရှိသူတွေအတွက် မချင့်မရဲ ဖြစ်စရာပါ။

မီခေးလ်အာတီတာ

အာဆင်နယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အာတီတာ ဟာလည်း အာဆင်ဝင်းဂါးရဲ့ လက်အောက် (၅)နှစ်တာ ကစားခဲ့တဲ့ သက်တမ်းမှာ တပည့်ကောင်းတစ်ဦးဖြစ်ခဲ့သူပါ။ အသင်းကို အကောင်းဆုံး ဦးဆောင်ဦးရွက်ပြုနိုင်ခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် နှစ်ရာသီကြာ ကစားခဲ့ပါတယ်။ အသင်းတာဝန်ရှိသူတွေရော ကစားသမားတွေကပါ သူ့ကို လေးစားကောင်း လေးစားနိုင်ပါတယ်။ အာတီတာဟာ ဂွါဒီယိုလာရဲ့လက်အောက် လက်ထောက်နည်းပြအဖြစ် (၂)နှစ်တာ ဆောင်ရွက်ခဲ့ပေ မယ့်လည်း နည်းပြချုပ်အဖြစ်အတွေ့အကြုံမရှိခြင်းက စဉ်းစားစရာပါ။ ဒါကြောင့် အာတီတာကို နည်းပြ အဖြစ်ခန့်အပ်မယ်ဆိုရင် အလျော်အစားကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်လာမှာပါ။

တခြားနည်းပြ နာမည်တွေ မထွက်လာသေးခင် ပြီးခဲ့တဲ့ရက်ပိုင်းကတော့ အာတီတာ ဟာ ဖြစ်နိုင်ချေ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ခွဲခြမ်းကြည့်မယ်ဆိုရင်တော့ အတွေ့အကြုံမရှိတဲ့ အာတီတာကို နည်းပြ အဖြစ် အလိုရှိနေတာဟာ ပရိသတ်တွေပဲဖြစ်ပါတယ်။ အာတီတာကို နည်းပြအဖြစ်ခန့်အပ် တာဟာ အသင်းတာဝန်ရှိသူတွေအတွက် အလောင်းအစား ဆန်လွန်းလှပါတယ်။

Comments