(၂၀၁၇-၁၈) ဘောလုံးရာသီရဲ့ နောက်ဆုံးအမှတ်တရများ

Yan Yan Yan Yan

(၂၀၁၇-၁၈) ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကတော့ ပြီးဆုံးသွားခဲ့ပါပြီ။မန်စီးတီးအသင်းကတော့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ၊ စပါး နဲ့ လီဗာပူးလ်အသင်းတွေနဲ့အတူ လာမယ့်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။ ချဲလ်ဆီး နဲ့ အာဆင်နယ်အသင်းတို့ ယူရိုပါလိဂ် ပြိုင်ပွဲတိုက်ရိုက် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး ဘန်လေအသင်းကနေ ခြေစစ်ပွဲအဆင့်ကနေ စတင်ကစားရဖို့ ရှိနေပါတယ်။

ဆွမ်ဆီး ၊ စတုတ် နဲ့ ၀က်စ်ဘရွန်းတို့လို ပရီးမီးယားလိဂ်ရဲ့ အလယ်အလတ်အသင်းတွေ ခြေစွမ်းပိုင်းကျဆင်းခဲ့ပြီး တန်းဆင်းသွားခဲ့ရတာကတော့ တကယ်ကို အံအားသင့်ခဲ့ရတဲ့ ရလဒ်တစ်ခုဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။

ဒီတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၃၈) မှာဖြစ်ပေါ်ခဲ့တဲ့ ထူးခြားမှတ်တမ်းများစွာရှိနေပြီး ဒီစံချိန်မှတ်တမ်းတွေကို အရင်ဆုံး ဖော်ပြပေးချင်ပါတယ်။

ဘန်လေ ၁ – ၂ ဘုန်းမောက်

ဘုန်းမောက်အသင်းကတော့ ဒီရာသီကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ရှုံးနိမ့်နေခဲ့တဲ့ အခြေအနေကနေ ယူနိုင်ခဲ့တဲ့ ရမှတ်အရေအတွက်က (၂၁) မှတ်ထိ ရှိနေခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ် ၂ – ၀ ၀က်စ်ဘရွန်း

ခရစ္စတယ်ပဲလေ့စ်အသင်းတိုက်စစ်မှူး ဇာဟာကတော့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် (၆) ပွဲမှာအသင်းအတွက် သွင်းဂိုး (၆) ဂိုးကို ပါဝင်ပတ်သက်နိုင်ခဲ့ပြီး (၅) ဂိုးသွင်း (၁) ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။

ဟတ်ဒါဖီးလ် ၀ – ၁ အာဆင်နယ်

အာဆင်နယ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ နောက်ဆုံးပွဲစဉ်မှာ အနိုင်ရလဒ်ရယူနိုင်ခဲ့တဲ့ အာစင်ဝင်းဂါးအတွက်ကတော့ ဟတ်ဒါဖီးလ်အသင်း အိမ်ကွင်း John Smith’s Staduim ဟာ (၄ဂ) ခုမြောက် အနိုင်ရယူနိုင်ခဲ့တဲ့ အားကစားကွင်းအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပြီး ဖာဂူဆန် တင်ရှိထားခဲ့တဲ့ (၄၇) ခုမြောက်စံချိန်ကို ချိုးဖြတ်နိုင်ခဲ့ပါတယ်။

လီဗာပူးလ် ၄ – ၀ ဘရိုက်တန်

လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား ဆာလက်ကတော့ ယခုနှစ်ရာသီမှာ ပရီးမီးယားလိဂ်အသင်း (၁၇) သင်းကို သွင်းဂိုးသွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် သမိုင်းတစ်လျောက်မှာ ဘယ်ကစားသမားမှ ဆာလက်အခုရယူခဲ့တဲ့ ဂိုးသွင်းစံချိန်ကို ရယူထားနိုင်ခြင်းမရှိသေးပါဘူး။

မန်ချက်စတာ ယူနိုက်တက် ၁ – ၀ ၀တ်ဖို့ဒ်

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဦးဆောင်ဂိုးသွင်းယူနိုင်တဲ့ ပွဲစဉ် (၂၁) ပွဲလုံးကို အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီး (၂၀၀၇-၀၈) ရာသီမှာ ပို့စ်မောက်အသင်းက ဒီမှတ်တမ်းကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်လို့ မန်ချက်စတာ ယူနိုက်တက်အသင်းက ဒုတိယမြောက် ဒီမှတ်တမ်းကို ပိုင်ဆိုင်နိုင်တဲ့ အသင်းဖြစ်လာခဲ့ပါတယ်။

နယူးကာဆယ် ၃ – ၀ ချဲလ်ဆီး

နယူးကာဆယ်အသင်း နည်းပြ ရာဖေးလ် ဘင်နီတက်ဇ်ကတော့ နည်းပြသက်တမ်းတစ်လျောက် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နည်းပြပြုလုပ်ခဲ့ဖူးတဲ့ အသင်းဟောင်း တစ်သင်းကို ပထမဆုံး နိုင်ပွဲရှာဖွေနိုင်ခဲ့ပါတယ်။

ဆောက်သမ်တန် ၀ – ၁ မန်စီးတီး

မန်စီးတီးအသင်းကတော့ ယခုနှစ်ရာသီမှာ ပွဲချိန် (၁၅၃) မိနစ်ကို တစ်ကြိမ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီမိနစ်အရေအတွက်ဟာ တစ်ရာသီလုံးအတွက် အနည်းဆုံးမှတ်တမ်းတစ်ခုကိုလည်း ရေးထိုးခဲ့ပါတယ်။

ဆွမ်ဆီး ၁ – ၂ စတုတ်စီးတီး

ဒီပွဲစဉ်မှာ စတုတ်စီးတီးအသင်း အတွက်ခေါင်းတိုက်ဂိုးသွင်းယူခဲ့တဲ့ ပီတာခရော့်ခ်ျ ရဲ့ ခေါင်းတိုက်ဂိုးဟာ ယခုနှစ် ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ သွင်းဂိုး (၁၀၀၀)ပြည့်ဂိုးဖြစ်ခဲ့ပါတယ်။

စပါး ၅ -၄ လက်စတာ စီးတီး

ကစားသမားဘ၀ ပထမဆုံး သွင်းဂိုး (၃၀)သွင်းယူနိုင်ခဲ့တဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကတော့ (၁၉၉၉-၂၀)မှာ ကီဗင်ဖီးလစ် ပြီးနောက် ပထမဆုံး သွင်းဂိုး (၃၀) ပြည့်တဲ့ အင်္ဂလန်ကစားသမားဖြစ်လာခဲ့ပါတယ်။

ဝက်စ်ဟမ်း ၃ – ၁ အဲဗာတန်

ဝက်စ်ဟမ်းအသင်း တိုက်စစ်မှူး အနာတိုဗစ်ကတော့ ယခုနှစ်ရာသီမှာ သွင်းဂိုး (၁၁) ဂိုးသွင်းယူခဲ့ပြီး ဒီသွင်းဂိုးအရေအတွက်က အသင်းဖော်တွေအားလုံးထက် သာယာနေခဲ့တဲ့ အခြေအနေပါ။(၂၀၀၆-၀၇) ဘောလုံးရာသီမှာလည်း ဇာမိုရာ ဒီမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ဖူးပါတယ်။

ဆက်လက်ပြီး တစ်ဦးချင်း နဲ့ တစ်သင်းချင်းစီ ပိုင်ဆိုင်ခဲ့တဲ့ မှတ်တမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု – မိုဟာမက် ဆာလက် (လီဗာပူးလ်)

အကောင်းဆုံး ဂိုးသမားဆု – ဒေးဗစ်ဒီဂီယာ (မန်ချက်စတာ ယူနိုက်တက်) ပေးဂိုးမရှိ (၁၈) ပွဲ

ဂိုးသွင်းအများဆုံး ကစားသမား – မိုဟာမက် ဆာလက် (လီဗာပူလ်း) (၃၂)ဂိုး

ဂိုးဖန်တီးမှုအများဆုံး ကစားသမား – ကီဗင်ဒီဘရိုင်း (မန်စီးတီး) (၁၆) ကြိမ်

ပေးပို့မှုအများဆုံးကစားသမား – ချာကာ (အာဆင်နယ်) (၃၁၁၇) ကြိမ်

ဂိုးကာကွယ်မှု အများဆုံးကစားသမား – ဘတ်လန်း (စတုတ်စီးတီး) (၁၄၄) ကြိမ်

သွင်းဂိုးအများဆုံးအသင်း – မန်စီးတီး (၁၀၆) ဂိုး

ပေးဂိုးမရှိအများဆုံး ကစားနိုင်ခဲ့တဲ့အသင်း – မန်ချက်စတာ ယူနိုက်တက် (၁၉) ကြိမ်

Sources : www.premierleague.com

Comments